ဥရောပချန်ပီယံဖြစ်ရန် ရီးရဲလ်နှင့်ဘာစီလိုနာတို့သာ ရေပန်းစားဟု ဗယ်ဒါနိုသုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
109786987
သတင်းစာရှင်းလင်းပွဲတစ်ခုတွင်တွေ့ရသည့် ဂျော့စ်ဗယ်ဒါနို(၀ဲစွန်)

ရီးရဲလ်ကစားသမားဟောင်းဖြစ်သူ ဂျော့စ်ဗယ်ဒါနိုက လက်ရှိဥရောပချန်ပီယံနေရာကို စိန်ခေါ်နိုင်သည့်အသင်းမှာ ရီးရဲလ်မက်ဒရစ်နှင့် လက်ရှိဥရောပချန်ပီယံ ဘာစီလိုနာတို့သာ ရေပန်းအစားဆုံးဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။

အသစ်ပြောင်းလဲရေးဆွဲခဲ့သည့် ယူအီးအက်ဖ်အေ၏စည်းမျဉ်းသစ်အရ ယူရိုပါလိဂ်ချန်ပီယံအသင်းအား ချန်ပီယံ လိဂ်အုပ်စုအဆင့်မှစတင်ပါဝင်ကစားခွင့်ပြုခဲ့ခြင်းကြောင့် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စပိန်လာလီဂါကိုယ်စား ပြုအသင်းငါးသင်းအထိ ၀င်ရောက်ယှဉ်ပြိုင်ကစားခွင့်ရရှိခဲ့သည်။

“စပိန်ကလပ်အသင်းတွေက ဥရောပရဲ့ထိပ်တန်းအသင်းတွေအဖြစ် ရပ်တည်နေဆဲပါ။ လက်ရှိဥရောပရဲ့ အမြင့် ဆုံးပြိုင်ပွဲနှစ်ခုလုံးမှာ စပိန်အသင်းတွေချည်းပဲဗိုလ်စွဲခဲ့တာက စပိန်ဘောလုံးလောကရဲ့အဆင့်အတန်းကို သိနိုင်ပါတယ်။ လက်ရှိအနေအထားအရလည်း ဥရောပချန်ပီယံအသင်းအဖြစ် ရီးရဲလ်နဲ့ဘာစီလိုနာတို့ပဲ ရေပန်းစားနေတာပါ” ဂျော့စ်ဗယ်ဒါနိုက သုံးသပ်ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၆ ရက်တွင် ပြန်လည်စတင်ကျင်းပမည့် ၂၀၁၅-၁၆ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ်အုပ်စုအ ဆင့်ပွဲစဉ်များတွင် စပိန်အသင်းများအဖြစ် လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ဘာစီလိုနာ၊ ရီးရဲလ်၊ အက်သလက်တီကို၊ ဗလင်စီယာနှင့် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

comments

error: Content is protected !!