မန်ယူနှင့်ပွဲတွင် လီဗာပူးတိုက်စစ်မှူးစတာရစ်ခ်ျ ပွဲထွက်ခွင့်ရရန်နီးစပ်နေ
|
အမေရိကန်နိုင်ငံတွင် တင်ပါးဒဏ်ရာခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီးနောက် ကြာသပတေးနေ့က လေ့ကျင့်ခန်း အပြည့်အ၀ဆင်းနိုင်သော တိုက်စစ်မှူးစတာရစ်ခ်ျမှာ လီဗာပူးနှင့်အတူ ပွဲထွက်ခွင့်ရရှိရန်နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
တိုက်စစ်မှူးစတာရစ်ခ်ျမှာ (၃)ပတ်ကြာကုသမှုခံယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်လေ့ကျင့်ခန်းတွင် အချိန်ပြည့် ကစားသွားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါအင်္ဂလန်တိုက်စစ်မှူးသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင်လည်း ပေါင်၊ တင်ပါးဆုံနှင့် ခြေသလုံးဒဏ်ရာ များကြောင့် ပွဲထွက်ကစားခွင့်(၁၈)ပွဲသာ ပါဝင်နိုင်ခဲ့ပြီး (၄)ဂိုးသာသွင်းယူနိုင်ခဲ့သည်။
လီဗာပူးအသင်းမှာ ဒဏ်ရာမှပြန်လည်သက်သာလာသည့် စတာရစ်ခ်ျကို မန်ယူနှင့်ပွဲတွင် ထည့်သွင်းရန် စောင့်ကြည့်လျက်ရှိပြီး ၎င်း၏တိုးတက်မှုမှာ နည်းပြရော့ဂျာအတွက် အရေးကြီးသည့်အနေအထားသို့ ရောက်ရှိ စေခဲ့သည်။
ထို့အပြင် နောက်ဆက်တွဲသတင်းများအရ ပြီးခဲ့သည့်လတွင် ဒဏ်ရာကိုယ်စီရရှိခဲ့သော ကွင်းလယ်လူဟန်ဒါဆန် နှင့်လာလာနာတို့သည် လေ့ကျင်းခန်းအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ခြင်းမရှိသောကြောင့် မန်ယူနှင့်ပွဲထွက်ပါဝင်ရန် မသေချာကြောင်းသိရှိရသည်။
Next : စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လက်မှတ်တစ်စောင်ရောင်းရလျှင် ၁ ပေါင်နှုန်းဖြင့် အာဆယ်နယ်လှူဒါန်း