မန်စီးတီးနောက်ခံလူဆက်ဂ်ညာ ဒဏ်ရာပြဿနာမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485730062
ဝက်ဖို့ဒ်တိုက်စစ်ကို လိုက်လံတားဆီးနေသည့် ဆက်ဂ်ညာ

ပြီးခဲ့သည့်တနင်္လာနေ့တွင် ဆားဘီးယားနှင့်ကစားခဲ့သောခြေစမ်းပွဲ၌ ပြင်သစ်ညာနောက်ခံလူဆက်ဂ်ညာမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သော်လည်း အလျင်အမြန်ကောင်းမွန်လာသောကြောင့် ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် မန်စီးတီးလေ့ကျင့်ရေးအစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့ကြောင်းသိရသည်။

မန်စီးတီးအသင်းခံစစ်ပိုင်းတွင် ဒဏ်ရာရကစားသမားများပြားနေပြီး ဘယ်နောက်ခံလူဇာဘလက်တာနှင့် ကွင်း လယ်လူဒီလပ်တို့မှာလည်း ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည်။

သို့သော်ကွင်းလယ်ကစားသမားဒီလပ်နေရာတွင်အစားထိုးရန်ပြင်ဆင်ထားသည့် ဖာနန်ဒိုမှာ ကြံ့ခိုင်မှုအပြည့် ရရန်အလွန်နီးစပ်နေပြီး ဆက်ဂ်ညာသည်လည်း ဒဏ်ရာပြဿနာမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့သောကြောင့် မန်စီးတီးနည်းပြပယ်လီဂရီနီအတွက် သတင်းကောင်းဖြစ်ခဲ့သည်။

ကွင်းလယ်လူဒီလပ်မှာ အင်္ဂလန်အသင်းအတွက် ယူရို-၂၀၁၆ခြေစစ်ပွဲအဖြစ် ဆွစ်ဇာလန်နှင့်ပွဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်ပြီး ကစားချိန်(၁၀)စက္ကန့်ဝန်းကျင်၌ တံကောက်ကြောဒဏ်ရာရရှိခဲ့သည်။

comments

error: Content is protected !!