ဂျူဗင်တပ်ကွင်းလယ်လူပေါ့ဘာအား ခေါ်ယူရန် ဘာစီလိုနာအကြိုသဘောတူညီမှုရရှိခဲ့
|
စပိန်ထိပ်သီးဘာစီလိုနာအသင်းသည် ဂျူဗင်တပ်အသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာအားခေါ်ယူရန် အကြိုသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အီတလီနာမည်ကြီးအားကစားသတင်းဋ္ဌာနတစ် ခုဖြစ်သည့် Gazzetta dello Sport က အခိုင်အမာဖော်ပြခဲ့သည်။ ပရီးမီးယားလိဂ်ထိပ်သီးချဲလ်ဆီးအသင်း၏ စိတ်ဝင်စားခြင်းကိုခံနေရသည့် လူငယ်ကွင်းလယ်လူပေါ့ဘာအနေဖြင့် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဘာစီလိုနာအသင်းသို့ အပြီးသတ်ရောက်ရှိတော့မည်ဖြစ်သည်။
အီတလီမီဒီယာ၏ဖော်ပြချက်တွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌဖြစ်သူ ဘာတိုမြူအနေဖြင့် ပေါ့ဘာအားခေါ်ယူရန်အတွက် ဂျူဗင်တပ်အသင်းထံလာရောက်ညှိနှိုင်းခဲ့ပြီး ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အပြီးသတ်ဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
ဂျူဗင်တပ်အသင်းသည် အသက်၂၂နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားပေါ့ဘာအတွက် ရရှိမည့်ပြောင်းရွှေ့ကြေးကို မူထုတ်ပြန်ခြင်းမရှိသေးသော်လည်း အီတလီမီဒီယာအချို့၏ဖော်ပြချက်တွင် ပေါင်သန်း ၇၀ ၀န်းကျင်ခန့်ရှိနိုင်ကြောင်း ဖော်ပြလျက်ရှိသည်။
ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းအနေဖြင့် ပေါ့ဘာအား ပေါင် ၆၈သန်းအပြင် ဘရာဇီးလက်ရွေးစင်ကွင်းလယ်လူရာမီရက်စ်ကိုပါ အလိုက်ပေးခဲ့သော်လည်း ဂျူဗင်တပ်အသင်းက ပယ်ချခဲ့သည်။
Next : နိုင်လိုစိတ်ဟာ တစ်ချက်လောက် ဖွာကြည့်ရုံနဲ့ မသိနိုင်ဘူး