AFC U-16ခြေစစ်ပွဲအဖွင့်ပွဲစဉ်တွင်မြန်မာအသင်းနှင့် အိမ်ရှင် ဗီယက်နမ်အသင်း ကစားရမည်
|
၂၀၁၅ဇူလိုင်၂၈ရက်နေ့ကကျင်းပခဲ့သည့် AFF BIDC U-16ပွဲစဉ်ဖြစ်သည့် မြန်မာ၃-၁ စင်ကာပူ ပွဲစဉ်မှ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်။
အောင်သော်ဖြိုး။
ရန်ကုန်၊စက်တင်ဘာ ၁၀။
AFC U-16 Championship ခြေစစ်ပွဲ အုပ်စု (J) ပွဲစဉ်များကို ဗီယက်နမ် နိုင်ငံတွင် စက်တင်ဘာလ ၁၆ရက် မှ ၂ဝရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း အုပ်စုအဖွင့် ပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်အသင်း နှင့်တွေ့ဆုံမည်ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းသည် အုပ်စုတွင်း သြစတြေးလျ ၊ဗီယက်နမ် ၊ဂူအမ် အသင်းတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရန်အတွက် ဗီယက်နမ် နိုင်ငံသို့ စက်တင်ဘာ ၁၄ရက်နေ့တွင် ထွက်ခွာမည် ဖြစ်သည်။
မြန်မာအသင်းသည် စက်တင်ဘာလ ၁၆ရက်နေ့တွင် ဗီယက်နမ် အသင်း၊ ၁၈ရက်နေ့တွင် သြစတေးလျ အသင်း၊ စက်တင်ဘာလ ၂ဝရက်နေ့တွင် ဂူအမ် အသင်းတို့ နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
AFC U-16 ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းကို စက်တင်ဘာလ ၉ရက်နေ့ က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ခဲ့သည်။
Prev : ရီးရဲလ်သို့  ပြောင်းရွှေ့ရန် ၀င်းဂါး စိတ်ဝင်စားခဲ့ဖူးကြောင်း ကယ်လ်ဒါရွန် ဖွင့်ဟ
Next : လာလီဂါပြိုင်ပွဲ ပုံရိပ် မြင့်တက်လာအောင် ကြိုးပမ်းသွားမည်ဟု ဂျာဗီယာတီဗက်စ် ပြောကြား
Next : လာလီဂါပြိုင်ပွဲ ပုံရိပ် မြင့်တက်လာအောင် ကြိုးပမ်းသွားမည်ဟု ဂျာဗီယာတီဗက်စ် ပြောကြား