အိုလံပစ်အမျိုးသမီး ခြေစစ်ပွဲလက်မှတ် တစ် စောင်လျှင် နှစ်ပွဲ ကြည့်နိုင်မည်
|
အော်သော်ဖြိုး။
ရန်ကုန်၊စက်တင်ဘာ ၁ဝ
မြန်မာလက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ (ဒုတိယအဆင့်) ပွဲစဉ် လက်မှတ်တစ်စောင် ဝယ်လျင် နှစ်ပွဲနှုန်း ကြည့်ရှု နိုင်မည် ဟု မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ချက်အရသိရသည်။
ပွဲစဉ် လက်မှတ်များကို စက်တင်ဘာလ ၁၂ ရက်နေ့ မှ စတင်ကာ ဗထူးကွင်း နှင့် အားကစား သိပ္ပံ( မန္တလေး) တို့တွင် ရောင်းချပေးမည် ဖြစ်ပြီး အိုလံပစ် ခြေစစ်ပွဲလက်မှတ်များကို အထူးတန်း ၃ဝဝဝ ကျပ်၊ ရိုးရိုးတန်း ၂ဝဝဝ ကျပ် နှုန်း သတ်မှတ် ထားသည်။
အမျိုးသမီး ဘောလုံးပွဲစဉ် လက်မှတ်များကို ဗထူးကွင်း၊ အားကစား သိပ္ပံ (မန္တလေး) တို့အပြင် လှုံ့ဆော်ရေး ကားများဖြင့်လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း နှင့် မြန်မာ အမျိုးသမီးအသင်း ယှဉ်ပြိုင်သော ပွဲစဉ် များကို MRTV- Entertainment တွင် ပြသနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု အဖွင့်ပွဲစဉ်တွင် ဂျော်ဒန်အသင်း နှင့် စက်တင်ဘာလ ၁၄ရက်နေ့တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၊ စက်တင်ဘာလ ၁၆ရက်နေ့ တွင် ထိုင်းအမျိုးသမီးအသင်း နှင့် လည်းကောင်း၊ စက်တင်ဘာလ ၁၈ရက်နေ့တွင် ဗီယက်နမ်အမျိုးသမီးအသင်း နှင့်လည်းကောင်း၊ စက်တင်ဘာလ၂၂ရက်နေ့တွင် တရုတ်(တိုင်ပေ) အသင်း နှင့်လည်းကောင်း ညနေ ၆နာရီ ၃ဝမိနစ် အချိန်၊ မန္တလာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
Next : စပါးအတွက် (၄)ပွဲ (၃)ဂိုးရရှိရုံဖြင့် မလုံလောက်ဟု ချက်ဒလီဆို