အခွန် တိမ်းရှောင် မှုကြောင့် မာရှေယာနို တရားရင် ဆိုင်ရဖွယ် ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
483634126
ဘာစီလိုနာလေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် မာရှေယာနို

ဘာစီလိုနာ အသင်း၏ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် ကစား သမားဖြစ်သူ မာရှေယာနိုသည် ၂၀၁၁ ခုနှစ် နှင့်၂၀၁၂ ခုနှစ်များ တွင် အခွန် တိမ်းရှောင် မှုများရှိခဲ့ သဖြင့် စပိန် အစိုးရ၏ တရား စွဲဆိုခြင်းနှင့် ရင်ဆိုင် ရဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဘာစီလိုနာ အသင်း အနေဖြင့် သတင်း ထုတ်ပြန်ခြင်း မရှိသေးသော် လည်း  မာရှေယာနိုမှာ ယူရို ၁.၅ သန်းကျော် အခွန် တိမ်းရှောင်မှုဖြင့် အရေး ယူခံရဖွယ် ရှိနေကြောင်း မီဒီယာများမှ အခိုင်အမာ ရေးသားဖော်ပြလျက် ရှိသည်။

မာရှေယာနို သည် ယင်းကဲ့သို့ အခြေ အနေများနှင့် ရင်ဆိုင်နေ ရခြင်း အတွက် ၎င်း ၏ရှေ့နေဖြစ် သူနှင့်တိုင် ပင်လျက်ရှိပြီး တရားစွဲ ဆိုခြင်း မခံရန်ပြင်ဆင် လျက်ရှိသော် လည်း ရှေ့နေဖြစ် သူကမူ ပေးချေ ရန်ရှိနေ သည့် အခွန်ငွေများ အားပေး သွင်းရန် တိုက်တွန်း ခဲ့ကြောင်း သိရသည်။

comments

error: Content is protected !!