လာလီဂါပြိုင်ပွဲ ပုံရိပ် မြင့်တက်လာအောင် ကြိုးပမ်းသွားမည်ဟု ဂျာဗီယာတီဗက်စ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485538366
ယူအီးအက်ဖ်အေဆုပေးပွဲတွင်တွေ့ရသည့် မက်ဆီနှင့်ရော်နယ်ဒို

အနာဂတ်တွင် မက်ဆီ၊ရော်နယ်ဒိုတို့ အခြားလိဂ်ပြိုင်ပွဲများသို့ ပြောင်းရွေ့ သွားခဲ့ပါက ကမ္ဘာ့အနှံ့ အပြားတွင် လာလီဂါပြိုင်ပွဲပုံရိပ် ကျဆင်းမှုမရှိစေရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ ချူပ် ဥက္ကဋ္ဌ ဂျာဗီယာတီဗက်စ်က ပြောကြားလိုက်သည်။ မက်ဆီနှင့်ရော်နယ်ဒိုတို့ မှာ (၃)နှစ်အတွင်း လာလီဂါပြိုင်ပွဲမှ ထွက်ခွာသွားနိုင်ပြီးထိုကစားသမားနှစ်ယောက် မရှိတော့ပါက လာလီဂါပြိုင်ပွဲပုံရိပ် ကျဆင်းလာမည့် အ ချက်အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် ဂျာဗီယာတီဗက်စ်က ဆိုခဲ့ခြင်းဖြစ်သည်။စပိန်ဘောလုံးအဖွဲ့ ချူပ်သည် စီးပွားရေးနှင့်ကမ္ဘာလုံးဆိုင်ရာတိုးချဲ့ မှုများအတွက် တောင်အမေရိကတွင်သာမက တရုတ်နိုင်ငံတွင်ပါ ဈေးကွက်တိုးချဲ့ မှုများ ပြုလုပ်ရန် လေ့လာနေပြီဖြစ်သည်။စပိန်ဘောလုံးအဖွဲ့ ချုပ် ( LFP ) သည် လက်ရှိအချိန်တွင် လာလီဂါပြိုင်ပွဲနှင့်ဆီဂန်ဒါပြိုင်ပွဲကို ပှံမှန်ကျင်းပနေပြီး ဘေဂျင်းနှင့်ဒူဘိုင်းတွင် ရုံးခွဲများ ဖွင့်လှစ်ထားကာ အနာဂတ်ကာလတွင် တောင်အာဖရိကနိုင်ငံ ၊ဂျိုဟန်နက်စ်ဘတ်မြို့ နှင့် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ တို့ တွင် ရုံးခွဲများ ထပ်မံဖွင့်လှစ်သွားမည် ဖြစ်သည်။ အခြားဥရောပကလပ် အသင်းကြီးများက အပြိုင်အဆိုင် ဈေးကွက်တိုးချဲ့ မှုများ ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ ဂျာဗီယာတီဗက်စ်က “ကျွန်တော်တို့ လိဂ်ပြိုင်ပွဲ ပရိသတ်တွေရှိတဲ့နေရာမှာ ကျွန်တော်တို့ ရုံးခွဲတွေ ရှိနေဖို့ လိုပါတယ်။ ကမ္ဘာ့အနှံ့ အပြားမှာရှိတဲ့ ကျွန်တော်တို့ ပရိသတ်တွေအတွက် မတူညီတဲ့ စီးပွားရေးဈေးကွက်ဗျုဟာတွေနဲ့ ဆွဲဆောင်ဖို့  ကြိုးစားသွားမှာပါ။ ဥပမာအနေနဲ့  အာရှက ပရိသတ်တွေ အားပေးတဲ့ပုံစံနဲ့ ဥရောပက ပရိသတ်တွေ အားပေးမှုပုံစံ မတူပါဘူး။ ဒါပေမဲ့ နိုင်ငံအတော်များများမှာ လာလီဂါအားပေးသူ ပရိသတ်တွေ ရှိနေပါတယ်’’ ဟု ဆိုခဲ့သည်။ ထို့ အပြင် ဂျာဗီယာတီဗက်စ်က တရုတ်နိုင်ငံတွင် လာလီဂါပရိသတ် အားပေးသူ ၄၅ ရာခိုင်နှုန်းမှာ မိုဘိုင်းဖုန်းများမှတစ်ဆင့် ကြည့်ရူလေ့ရှိကြပြီး ဥရောပတွင် မိုဘိုင်းဖုန်းများမှ အားပေးသူမှာ ၁၅ ရာခိုင်နှုန်းသာ ရှိကြောင်းသိရသည်။ ထို့ ကြောင့် တရုတ်နိုင်ငံတွင် လာလီဂါပြိုင်ပွဲကို မိုဘိုင်းဖုန်းတစ်ဆင့် ထုတ်လွင့်ပြသနိုင်ရန် အတွက် ( online video provider ) PPTV နှင့်ချိတ်ဆက်ပြီး စမတ်ဖုန်းများမှ တစ်ဆင့်ကြည့်ရူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

comments

error: Content is protected !!