ဂျွန်စတုန်းအား စာချုပ်သက်တမ်းတိုးရန် အဲဗာတန်ကြိုးစားနေ
|
အဲဗာတန်အသင်းသည် ချယ်လ်ဆီးအသင်းက ခေါ်ယူရန်ကြိုးစားနေသော နောက်ခံလူဂျွန်စတုန်းအား စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဂျွန်စတုန်းအား ခေါ်ယူရန် (၄)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည်။ သို့သော် ဂျွန်စတုန်းသည် အဲဗာတန်မှ ကမ်းလှမ်းလာသော စာချုပ်သစ်တွင် တစ်ခြားအသင်းများက ပေါင် (၃ဂ)သန်းဖြင့် ကမ်းလှမ်းလာခဲ့ပါက အသင်းမှ ထွက်ခွာခွင့်ပေးရမည်ဟူသောအချက်ပါမှ လက်ခံမည်ဖြစ်ကြောင်းသိရသည်။ ချယ်လ်ဆီးအသင်းသည် ဂျွန်စတုန်းအား နောက်ဆုံးကမ်းလှမ်းခဲ့စဉ်က ပေါင်(၃၈)သန်းဖြင့် ကမ်းလှမ်းခဲ့သောကြောင့် ထိုအချက်ကို စာချုပ်ထဲတွင် ထည့်သွင်းချုပ်ဆိုလိုခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ ချယ်လ်ဆီးအသင်းသည် အကျပိုင်းရောက်လာသော အသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏နေရာတွင် အစားထိုးရန်အတွက် ဂျွန်စတုန်းအား ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး အဲဗာတန်အသင်းက လက်မခံဘဲ ပယ်ချခဲ့ခြင်းဖြစ်သည်။ ဂျွန်စတုန်းမှာ အဲဗာတန်အသင်းနှင့် ၂၀၁၉ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး အဲဗာတန်နှင့်စာချုပ်သက်တမ်းတိုးဖြစ် ပါက တစ်ပတ်လုပ်ခပေါင်(၃)သောင်းကို ၂ဆတိုးမြှင့်ဖွယ်ရှိကြောင်းလည်း သိရသည်။ သို့သော် အဲဗာတန်အသင်းနှင့် စာချုပ်သက်တမ်းတိုးဖြစ်ပါကလည်း ဂျွန်စတုန်းမှာ လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလမတိုင်မီ အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သိရသည်။ အဲဗာတန်အသင်းသည် လာမည့် စနေနေ့ တွင် အိမ်ကွင်းတွင် ချယ်လ်ဆီးအသင်းအား လက်ခံကစားရမည် ဖြစ်သည်။
Next : အိုလံပစ်အမျိုးသမီး ခြေစစ်ပွဲလက်မှတ် တစ် စောင်လျှင် နှစ်ပွဲ ကြည့်နိုင်မည်