နည်းပြမွန်တဲလားကြောင့် ဖီအိုရင်တီးနားတွင် ရုန်းကန်ခဲ့ရဟု ဂျိုအာကွင်း ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
466526566
ဂျိုအာကွင်းအား ဖီအိုရင်တီးနားတွင် နည်းပြမွန်တဲလားနှင့်အတူ တွေ့ရစဉ်

စပိန်လက်ရွေးစင်ကစားသမားဟောင်းဖြစ်သူ ဂျိုအာကွင်းက အီတလီမြေတွင် သွားရောက်ကစားခဲ့သည့်အချိန် ကာလများမှာ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြောင်း၊ နည်းပြမွန်တဲလား၏ အခွင့်အရေးပေးခြင်းမခံခဲ့ရသည့်အတွက် ဖီအိုရင်တီးနားတွင် ရုန်းကန်ခဲ့ရကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

ဂျိုအာကွင်းအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ဖီအိုရင်တီးနားအသင်းထံပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံးရာသီ ၂ ရာသီအတွင်း အသင်းအတွက် ၄၉ ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့ကာ ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့တွင် အသင်းဟောင်းဘက်တစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

“အီတလီမြေမှာ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့သလို နည်းပြမွန်တဲလားရဲ့ အခွင့်အရေးပေးခြင်းကိုလည်း မရရှိခဲ့ပါဘူး။ ဒုတိယရာသီမှာလည်း ရုန်းကန်ခဲ့ရသလို အဆင်မပြေမှုတွေချည်းပဲ ကြုံတွေခဲ့ရပါတယ်။ ဖီအိုရင်တီးနားအသင်းမှာ ကစားခဲ့ရတဲ့အချိန်တွေအတွင်း ပရိသတ်တွေရဲ့နွေးထွေးတဲ့အားပေးမှုတစ်ခုပဲရခဲ့တာပါ ” ဟု ဂျိုအာကွင်းက ဖွင့်ဟပြောကြားသွားခဲ့သည်။

ဖီအိုရင်တီးနားအသင်းတွင် ရုန်းကန်ခဲ့ရသည့် ဂျိုအာကွင်းအနေဖြင့် နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ပရီးမီးယားလိဂ်ကလပ်ဝက်ဖို့ဒ်အသင်း၏ ကမ်းလှမ်းမှုအားလက်ခံရရှိခဲ့သော်လည်း ဘက်တစ်အသင်းသို့သာ ပြန်လည်ပြောင်းရွှေခဲ့သည်။

comments

error: Content is protected !!