စပါးအတွက် (၄)ပွဲ (၃)ဂိုးရရှိရုံဖြင့် မလုံလောက်ဟု ချက်ဒလီဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485734538
အဲဗာတန်ဘက်သို့ထိုးဖောက်နေသည့် ချက်ဒလီ

စပါးအသင်းတောင်ပံကစားသမားချက်ဒလီက ကစားသမားသစ်ဟောင်မင်ဆန်နှင့်အန်ဂျေးတို့မှာ ယခုတစ်ပတ် တွင်ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲတွင်ခြေစွမ်းပြပြီး အမှတ်ပေးဇယားထိပ်ပိုင်းရောက်အောင် ကူညီနိုင်မည့်သူများ ဖြစ်သည်ဟုမျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။

ယခုဘောလုံးရာသီတွင် စပါးအသင်း၏ဂိုးရယူနိုင်ရေးကြိုးပမ်းမှုမှာ အမှတ်ပေးဇယားဦးဆောင်သူမန်စီးတီး ထက် အခွင့်အရေး(၁၂)ကြိမ်ပိုရခဲ့သော်လည်း တိုက်စစ်ကဂိုးသွင်းယူနိုင်မှုအားနည်းခဲ့ပြီး (၄)ပွဲတွင် (၃)ဂိုးသာ ရယူနိုင်ခဲ့သည်။

ထိုအချက်နှင့်ပက်သတ်၍ ပြီးခဲ့သည့်ဘောလုံးရာသီတွင် (၁၁)ဂိုးသွင်းယူပေးထားသော ချက်ဒလီက “စပါးလို အသင်းအတွက် (၄)ပွဲ(၃)ဂိုးဆိုတာ လုံလောက်မှုမရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ သွင်းဂိုးအများအပြားရယူ ရမှာဖြစ်သလို အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးပမ်းသွားရမှာပါ။ တိုက်စစ်မှူးတွေအနေနဲ့ ဂိုးတွေရရှိဖို့ လုပ်ဆောင်ရပါလိမ့်မယ်။ ဂိုးရဖို့ဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့တာဟာ ကျွန်တော်တို့အတွက် ကောင်းတဲ့လက္ခဏာ ဖြစ်ပြီး အဲဒီအခွင့်အရေးတွေမရတော့ဘူးဆိုရင် ကြီးမားတဲ့ပြဿနာဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဖန်တီးမှုတွေ ရှိပြီး ဂိုးမသွင်းနိုင်ဘူးဆိုရင်တော့ အကျိုးမထူးပါဘူး”ဟု ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!