အသင်းပြောင်းရွှေ့ခွင့်ဆုံးရှုံးပြီးနောက် ရှော်လ်ကေးတွင်သာ ဘိုတန်ဆက်ရှိမည်
|
ရှော်လ်ကေးကွင်းလယ်လူဘိုတန်သည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းသို့ ပြောင်းရွှေ့ခွင့်ပျက်ပြယ်ပြီးနောက် လက်ကျန်စာချုပ်သက်တမ်းဖြင့် ရှော်လ်ကေး၌သာ ဆက်လက်ကစားရမည် ဖြစ်သည်။
ဘိုတန်သည် ပြီးခဲ့သည့်မေလက ကိုလုံးအသင်းနှင့်ကစားခဲ့သည့်ပွဲအရေးနိမ့်ခြင်းအတွက် အသင်းအား အပြင်းအထန်ဝေဖန်ပြောကြားခဲ့သောကြောင့် ရှော်လ်ကေး၏ အကန့်အသတ်မရှိပွဲပယ်ပြစ်ဒဏ်ခံထားရသူဖြစ်သည်။
ထို့ကြောင့် ၎င်းက အသင်းပြောင်းရွှေ့ရန်ကြိုးပမ်းခဲ့ပြီး စပို့တင်းလစ္စဘွန်းအပါအ၀င်၊ ယူအေအီးနှင့် ကာတာအခြေစိုက်ကလပ်အသင်းများမှ ခေါ်ယူရန်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း အပြောင်းအရွှေ့ပိတ်သိမ်းချိန်အထိ ထူးခြားမှုမရှိခဲ့ချေ။
ထို့အပြင် ဘိုတန်မှာ အသင်းဟောင်းအေစီမီလန်နှင့် စီးရီးအေအခြေစိုက်ကလပ်အသင်းများသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိသော်လည်း အဆိုပါကလပ်အသင်းများက ကမ်းလှမ်းမှုမရှိခဲ့ကြောင်းသိရှိရသည်။ျ
အဆိုပါဂါနာလက်ရွေးစင်ကွင်းလယ်လူ၏ အေးဂျင့်ဖြစ်သူကလည်း လာမည့်နွေရာသီတွင်ကုန်ဆုံးမည့် စာချုပ်သက်တမ်းအတိုင်း ရှော်လ်ကေးတွင်သာ ဘိုတန်ဆက်ရှိမည်ဟုအတည်ပြုခဲ့သည်။
Next : ဥရောပချန်ပီယံဖြစ်ရန် ရီးရဲလ်နှင့်ဘာစီလိုနာတို့သာ ရေပန်းစားဟု ဗယ်ဒါနိုသုံးသပ်