ရာသီကုန်တွင် ဇင်းနစ်မှထွက်ခွာတော့မည်ဟု နည်းပြဘိုအာ့စ်အတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
475283978
ဇင်းနစ်အသင်း ရုရှားပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့စဉ်ကတွေ့ရသည့် ဘိုအာ့စ်

ရုရှားပရီးမီးယားလိဂ်ချန်ပီယံ ဇင်းနစ်အသင်း၏ နည်းပြဖြစ်သူ ဘိုအာ့စ်က အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် လိုအပ်သည့်ကစားသမားများခေါ်ယူပေးခဲ့ခြင်းမရှိသည့်အတွက် စာချုပ်သစ်ချုပ် ဆိုရန်ကမ်းလှမ်းမှုအား ပယ်ချ ခဲ့ပြီးနောက် ရာသီကုန်တွင်အသင်းနှင့်လမ်းခွဲတော့မည်ဖြစ်ကြောင်း၊ ချန်ပီယံဆုကာကွယ်ရာတွင် အောင်မြင်မှုရရှိရန် လက်ရှိကစားသမားအင်အားနှင့်မဖြစ်နိုင်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ရာသီသစ်ပွဲစဉ်များတွင် ရလဒ်များဆိုးရွားနေခဲ့သည့် ဇင်းနစ်အသင်းသည် ပွဲစဉ်-၇အပြီး၌ အဆင့်-၃နေရာတွင် သာရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ CSKA မော်စကိုအသင်းနှင့် ခြောက်မှတ်အထိကွာဟလျက်ရှိ သည်။ ထို့ပြင် နည်းပြဘိုအာ့စ်အနေဖြင့် ဆိုဗီတော့ဗ်အသင်းအား အိမ်ကွင်းတွင် အရေးနိမ့်ခဲ့သည့်ပွဲစဉ်၌ စတုထ္ထဒိုင်လူကြီးနှင့် အချင်းများခဲ့သည့်အတွက် ခြောက်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည်။

“အပြောင်းအရွှေ့ဈေးကွက်အတွင်း လုံလောက်တဲ့ကစားသမားသစ်ခေါ်ယူမှုတွေမပြုလုပ်နိုင်ခဲ့တဲ့အတွက် အောင်မြင်မှုရရှိဖို့မလွယ်ကူတော့ပါဘူး။  အဲဒီအတွက်ရာသီကုန်ရင် ထွက်ခွာတော့မှာပါ။ အသင်း တာဝန်ရှိသူတွေအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းခဲ့ပေမယ့် အသင်းကိုဆက်ပြီးတာဝန်ယူဖို့ ခက်ခဲလာနိုင်ပါတယ်” ဟု နည်းပြဘိုအာ့စ်က ဆိုခဲ့သည်။

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး၊ စပါးအသင်းတို့အား တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည့် နည်းပြဘိုအာ့စ်သည် ဇင်းနစ်အသင်းအား ၂၀၁၄ခုနှစ်တွင် စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ရုရှားပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ရုရှား စူပါဖလားတို့အား ရယူပေးထားနိုင်ခဲ့သည်။

comments

error: Content is protected !!