ရီးရဲလ်သို့  ပြောင်းရွှေ့ရန် ၀င်းဂါး စိတ်ဝင်စားခဲ့ဖူးကြောင်း ကယ်လ်ဒါရွန် ဖွင့်ဟ
|
အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားခဲ့ဖူးကြောင်း ယခင်ရီးရဲလ်ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်က ပြောလိုက်သည်။ ၀င်းဂါသည် အာဆင်နယ်အသင်းတွင် (၁၉)နှစ်ကြာ နည်းပြအဖြစ် တာဝန်ယူခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်က နည်းပြအဖြစ်ခန့်အပ်ရန် ကြိုးပမ်းခဲ့ သည်။ ရီးရဲလ်မက်ဒရစ်က ၀င်းဂါးအားနည်းပြအဖြစ်ခန့်အပ်နိုင်တော့မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပြီး ယင်းသတင်းများမှာ အမှန်တကယ်ဖြစ်မလာသော်လည်း ၀င်းဂါးကိုယ်တိုင် မိမိတို့အသင်းသို့ ပြောင်းရွှေ့ရန် အလွန်စိတ်ဝင်စားခဲ့ဖူးကြောင်း ကယ်လ်ဒါရွန်က ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။ “ကစားသမားတစ်ယောက် ဒါမှမဟုတ် နည်းပြတစ်ယောက်ဟာ တစ်ချိန်ချိန်မှာ ရီးရဲလ်အသင်းကြီးမှာ ဖြတ်သန်း ဖို့ စိတ်ဝင်စားလေ့ရှိကြတယ်။ အထူးသဖြင့် ကလပ်အသင်းတစ်ခုမှာ(၁၅) နှစ်ကြာဖြတ်သန်းခဲ့သူတွေနဲ့ အင်္ဂလန် မှာကာလရှည်နေခဲ့သူတွေပေါ့။ ကာလရှည်နေလာသူတွေက အပြောင်းအလဲလုပ်ဖို့ စိတ်ဝင်စားကြပါတယ်။ နည်း ပြတစ်ယောက်အတွက်တော့ ဒီလိုစဉ်းစားမှုမျိုးက ကောင်းမွန်တဲ့အကြံအစည်တစ်ခုလို့ ကျွန်တော်ထင်တယ်”ဟု ကယ်လ်ဒါရွန်ကပြောသည်။ ထို့အပြင်ဝင်းဂါးအနေဖြင့် ထိုစဉ်အချိန်က ရီးရဲလ်မက်ဒရစ်ကျင့်သုံးနေသည့် ကြယ်စင်စု ကစာသမားများကို သာ အဓိကခေါ်ယူနေသည့် အသင်းပေါ်လစီနှင့်ပတ်သက်ပြီးလည်း ဝေဖန်ထောက်ပြမှုပြုလုပ်ခဲ့ဖူးကြောင်းသိရ သည်။
Next : AFC U-16ခြေစစ်ပွဲအဖွင့်ပွဲစဉ်တွင်မြန်မာအသင်းနှင့် အိမ်ရှင် ဗီယက်နမ်အသင်း ကစားရမည်