စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လက်မှတ်တစ်စောင်ရောင်းရလျှင် ၁ ပေါင်နှုန်းဖြင့် အာဆယ်နယ်လှူဒါန်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487559284
အသင်းလိုက်ဓာတ်ပုံရိုက်ရန်ပြင်ဆင်နေသည့် အာဆင်နယ်အသင်းသားများကို ယနေ့တွေ့ရစဉ်

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက စတုတ်စီးတီးနှင့်ပွဲစဉ်တွင် ရောင်းချရမည့်လက်မှတ် တစ်စောင်လျှင် ၁ ပေါင်ကို ဆီးရီးယားစစ်ဘေးရှောင်ဒုက္ခသည်များအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက အဆိုပါဒုက္ခသည်များကို လှူဒါန်းမှုပြုလုပ်ခဲ့ပြီး ယခု အချိန်တွင် ပေါင်၄၀၀၀၀၀ အထိရှိပြီဖြစ်ကြောင်းသိရသည်။ ယင်းလှူဒါန်းငွေများမှာ အာဆင်နယ်ယှဉ်ပြိုင် ခဲ့သောဘောလုံးရာသီတစ်ခု၏ ပထမဆုံးချန်ပီယံလိဂ်ပြိုင်ပွဲတွင် လက်မှတ်ရောင်းရငွေမှ တစ်စောင်လျှင် ၁ပေါင်နှုန်းဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးက “စတုတ်စီးတီးနဲ့ပွဲမှာ ရောင်းချမယ့် လက်မှတ်တွေထဲကနေ ၁ပေါင်စီလှူဒါန်းသွားမှာဖြစ် ပါတယ်”ဟု တရားဝင်ပြောကြားခဲ့သည်။

ချဲလ်ဆီး၊ မန်ယူနှင့် မန်စီးတီးတို့ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှရရှိမည့် လက်မှတ်ရောင်းချငွေများအတွင်းမှ လှူဒါန်းရန်ပြင်ဆင်နေသော်လည်း တရားဝင်ထုတ်ပြန်ချက်မထွက်ပေါ်ခဲ့သဖြင့် အာဆင်နယ်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင်အသင်းများအနက် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ပထမဆုံးလှူဒါန်းသည့် အသင်းဖြစ်လာ ခဲ့သည်။

comments

error: Content is protected !!