တိုက်စစ်မှူးဇာဇာကို အာဆင်နယ်သို့ ရောင်းချရန် ဂျူဗင်တပ်ပြင်ဆင်နေ
|
ဂျူဗင်တပ်အသင်းသည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်မှူးဇာဇာကို ထုတ်ရောင်း ဖွယ်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆက်ဆူလိုအသင်းမှ ရောက်ရှိ လာသောဇာဇာကို တိုက်စစ်မှူးတစ်ဦးခေါ်ယူရန်အလိုရှိနေသော အာဆင်နယ်မှ အပြင်းအထန်ဆက်သွယ် နေကြောင်းသိရသည်။
အာဆင်နယ်အသင်းမှာ ပြီးခဲ့သည့်အပြောင်းအရွှေ့ရာသီတွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန်လိုအပ်ခဲ့ပြီး အပြောင်းအရွှေ့ကုန်ဆုံးခါနီးရက်ပိုင်းအလို၌် ဇာဇာကိုခေါ်ယူရန်ကမ်းလှမ်းခဲ့ကြောင်းသိရသည်။ ဇာဇာကို ယခု အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ခြင်းမရှိခဲ့သော်လည်း အာဆင်နယ်ဘက်မှ ၎င်းတို့၏မျှော်လင့်ချက် အဆုံးမသတ်ဘဲ ထပ်မံကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။
အသက်(၂၄)နှစ်ရှိတိုက်စစ်မှူးဇာဇာကို အာဆင်နယ်အနေဖြင့်လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ထိုက်တန်သောပြောင်းရွှေ့ကြေးသုံးစွဲ၍ခေါ်ယူမည်ဆိုပါက ဂျူဗင်တပ်အသင်းမှ ထုတ်ရောင်းရန်ပြင်ဆင် နေကြောင်းသိရသည်။
Next : ပြည်တွင်းပွဲများလူစည်ရန် ဆွဲဆောင်အားကောင်းသည့်အမျိုးသမီးများကို ဂါနာသုံးမည်