မြန်မာအမျိုးသမီးအသင်း တရုတ်ခြေစမ်းခရီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0

ရန်ကုန်၊စက်တင်ဘာ ၉။
အောင်သော်ဖြိုး။
၂ဝ၁၆ အိုလံပစ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီး ဘောလုံးအသင်းသည် စက်တင်ဘာလ ၁ ရက်နေ့ မှ ၈ရက်နေ့အထိ တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲ သုံးပွဲ ကစားခဲ့ပြီး နှစ်ပွဲနိုင် တစ်ပွဲ ရှုံးနိမ့်ခဲ့သည်။
မြန်မာ အမျိုးသမီး အသင်းသည် စက်တင်ဘာလ (၂)၊(၅)၊(၇) ရက်နေ့များတွင် တရုတ် အမျိုးသမီး ကလပ် Jiangsu Huatai အသင်း၊ Jiangsu လူငယ်အသင်း၊ Jiangsu အသင်းတို့ နှင့် ခြေစမ်းကစားခဲ့ပြီး Jiangsu Huatai အမျိုးသမီးအသင်း နှင့် နှစ်ပွဲ ယှဉ်ပြိုင်ရာ တစ်ပွဲနိုင် တစ်ပွဲရှုံးပြီး ၊ Jiangsu လူငယ် အသင်းကို အနိုင်ရခဲ့သည်။
မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်ခြေစမ်းခရီးစဉ် မှ စက်တင်ဘာလ ၉ရက်နေ့တွင် ပြန်လည် ရောက်ရှိမည် ဖြစ်ပြီး ၂ဝ၁၆ အိုလံပစ်ခြေစစ်ပွဲ ကို မန္တလေးမြို့၊မန္တလာသီရိ အားကစားကွင်း တွင် စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင်ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် စက်တင်ဘာလ ၁၆ရက်နေ့တွင် ထိုင်းအမျိုးသမီးအသင်း နှင့် လည်းကောင်း၊ စက်တင်ဘာလ ၁၈ရက်နေ့တွင် ဗီယက်နမ် အမျိုးသမီးအသင်းနှင့် လည်းကောင်း၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်(တိုင်ပေ)အသင်းနှင့် လည်းကောင်း ညနေ ၆နာရီ ၃ဝမိနစ် အချိန်၊ မန္တလာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!