စကော့တလန် နည်းပြအဖြစ် ဂေါ်ဒွန်စတာချန် ဆက်လက်ရှိနေနိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
scotland
ဂျာမနီနှင့်ကစားခဲ့သည့် ယူရိုခြေစစ်ပွဲတွင်တွေ့ရသော ဂေါ်ဒွန်စတာချန်

ယူရို-၂၀၁၆ခြေစစ်ပွဲဝင်စကော့တလန်ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူအလန်မက်ရီက အသင်းအနေဖြင့် ခြေစစ်မအောင်မြင်ခဲ့ပါကလည်း လက်ရှိနည်းပြဖြစ်သူ ဂေါ်ဒွန်စတာချန်အား ဆက်လက်တာဝန်ပေးခန့်အပ်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

စကော့တလန်အသင်းအနေဖြင့် ဂျာမနီ၊ ပိုလန်၊ အိုင်ယာလန် အစရှိသည့် ဥရောပထိပ်သီးအသင်းများနှင့်အတူ အုပ်စု(ဃ)အတွင်း ကျရောက်ခဲ့ပြီး ပွဲစဉ်-၈ပြီးချိန်တွင် ရမှတ် ၁၁မှတ်သာရရှိထားပြီး Play-Off ၀င်ခွင့်ရရှိမည့် အဆင့်သုံးနေရာမှ အိုင်ယာလန်အသင်းနှင့် လေးမှတ်ကွာ အဆင့်လေးနေရာ၌ ရပ်တည်လျက် ရှိနေသည်။

“နည်းပြဂေါ်ဒွန်အနေနဲ့ လက်ရှိရာထူးကနေ နုတ်ထွက်ချင်မှာမဟုတ်သလို အသင်းတာဝန်ရှိသူတွေအနေနဲ့ သူ့ကို လက်လွှတ်ခံမှာမဟုတ်ပါဘူး။ အသင်းအနေနဲ့ ခြေစစ်ပွဲအောင်မြင်ဖို့ ရုန်းကန်နေရတယ်ဆိုပေမယ့် မျှော်လင့်ချက်ရှိပါသေးတယ်။ ခြေစစ်ပွဲမအောင်မြင်ရင်လည်း ဂေါ်ဒွန်အနေနဲ့နည်းပြအဖြစ်ဆက်ရှိနေဦးမှာပါ။ အခုလိုအတည်ပြုစကားပြောရတာကတော့ ထူးထူးခြားခြားအကြောင်းပြချက်မရှိပါဘူး” ဟု စကော့တလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ အလန်မက်ရီ က ဆိုခဲ့သည်။

စကော့တလန်အသင်းသည်လက်ကျန်ခြေစစ်ပွဲစဉ်နှစ်ပွဲအဖြစ်အောက်တိုဘာ၉ရက်တွင် ပိုလန်အသင်းနှင့်လည်း ကောင်း၊ အောက်တိုဘာ ၁၂ရက်တွင် ဂျီဘရော်တာအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!