ဘရာဇီးအသင်းနှင့်နည်းပြအတွက် အမြဲအသင့်ဖြစ်နေလိုကြောင်း နေမာဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
neymar
အမေရိကန်နှင့်ခြေစမ်းပွဲမတိုင်မီတွေ့ရသည့် နေမာ

ဘရာဇီးအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ နေမာက အသင်းအတွက်အမြဲတမ်းကူညီကစားပေးလိုကြောင်း၊ နည်းပြနှင့်အသင်းအတွက် အချိန်မရွေးအသင့်ဖြစ်နေလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ တိုက်စစ်မှူးနေမာ အနေဖြင့် ခြေစမ်းပွဲစဉ်များတွင် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိနေခဲ့သည့်အတွက်စိတ်ပျက် လျက်ရှိနေပြီး ပွဲထွက်ကစားခွင့်ရရှိရန် နည်းပြဒွန်ဂါထံ တောင်းဆိုမှုများပြုလုပ်လျက်ရှိသည်။

“ဘရာဇီးအသင်းမှာကစားသမားကောင်းတွေအများကြီးရှိတာကိုလက်ခံပါတယ်။ တစ်ဦးတစ်ယောက်ကောင်း ကိုဦးတည်ကစားတဲ့အသင်းမဟုတ်သလို အစားထိုးဖို့ကစားသမားတွေလည်းအသင့်ရှိတဲ့အသင်းပါ။ ဒါပေမဲ့ အ သင်း လူစားဝင်ကစားသမားအဖြစ်ထက် ကွင်းထဲမှာအမြဲကစားခွင့်ရမယ့် ပွဲထွက်ကစားသမားပဲဖြစ်လိုပါတယ်။ အသင်းနဲ့နည်းပြအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေချင်ပါတယ်။ အကောင်းဆုံးကြိုးစားပြီး လက်ရွေးစင်အသင်းအတွက်စွမ်းဆောင်ပေးချင်ပါတယ်” ဟုနေမာ က ဖွင့်ဟပြောကြားသွားခဲ့သည်။

ဘရာဇီးနည်းပြဒွန်ဂါသည် နောက်ဆုံးကစားခဲ့သည့် ကော်စတာရီကာ၊ အမေရိကန်အသင်းတို့နှင့်ခြေစမ်းပွဲစဉ် များတွင် တိုက်စစ်မှူးနေမာအား လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခဲ့ပြီး နေမာအနေဖြင့် အမေရိကန် အသင်းအား ၁-၄ ဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ နေမာမှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၂၀၁၀ခုနှစ်တွင် စတင်ကစားပေးခဲ့သူဖြစ်ပြီး ပွဲပေါင်း ၆၇ ပွဲကစားပေးထားကာ ၄၆ဂိုး သွင်းယူပေးထားသည်။

comments

error: Content is protected !!