ဟူးလ်စီးတီး ကွင်းလယ်လူ လီဗာမိုး ကိုကင်း သုံးစွဲခဲ့သော်လည်း ပွဲပယ်ပြစ်ဒဏ် ရှောင်လွှဲနိုင်ခဲ့
|
ဟူးလ်စီးတီးအသင်းကွင်းလယ်လူလီဗာမိုးသည် ပြီးခဲ့သည့်မေလတွင် ကိုကင်းသုံးစွဲကြောင်းတွေ့ရှိရသဖြင့် အက်ဖ်အေကပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ယခုအချိန်တွင် အဆိုပါပြစ်ဒဏ်အားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အသက်(၂၅)နှစ်ရှိအဆိုပါကွင်းလယ်လူမှာ ဆေးသုံးစွဲမှုတွေ့ရှိပြီးအစောပိုင်းအချိန်တွင် ပွဲပယ်ပြစ်ဒဏ်(၂)နှစ် အထိကျခံရဖွယ်ရှိသော်လည်း အက်ဖ်အေမှ ၎င်း၏ရင်သွေးသေဆုံးချိန်တွင် စိတ်ထိခိုက်၍သုံးစွဲခဲ့ခြင်းဖြစ်သော ကြောင့် ပြစ်ဒဏ်လျော့ပေါ့ခဲ့ခြင်းဖြစ်သည်။
ဟူးလ်စီးတီးနည်းပြစတိဗ်ဘရုစ်က “ဒါဟာ သက်ညှာတဲ့ပြစ်ဒဏ်ဆိုတာမေးခွန်းထုတ်စရာမလိုပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီအက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာ ကံဆိုးချင်တော့ လီဗာမိုးရင်သွေးသေဆုံးခဲ့ရပါတယ်။ သူ ခံစားရတဲ့စိတ်ထိခိုက်မှုကို ကုစားဖို့သုံးစွဲခဲ့တာပါ။ ဒါကလည်း လူတိုင်းမှားတတ်တဲ့အမှားထဲက တစ်ခုပါပဲ”ဟု ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ဆေးသုံးစွဲခဲ့သည့် လီဗာမိုးကို အက်ဖ်အေက ပြီးခဲ့သည့်တစ်ပတ်တွင် ကြားနာမှုပြုလုပ်ပြီး မေလကတည်းက ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းကို ထပ်မံတိုးမြှင့်ခြင်းမရှိခဲ့ချေ။
Next : နည်းပြကိုဗက်အား ခရိုအေးရှားဘောလုံးအဖွဲ့ချုပ် ရာထူးမှ ထုတ်ပယ်