ချဲလ်ဆီးကို အသင်းတိုင်း အနိုင်ယူချင်နေသည်ဟု ဟာဇက်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
hazard
ချဲလ်ဆီးလေ့ကျင့်ရေးကွင်းတွင် ပရိသတ်များနှင့် အမှတ်တရဓာတ်ပုံရိုက်နေသော ဟာဇက်

ချဲလ်ဆီးအသင်းကွင်းလယ်လူဟာဇက်က ယခုနှစ်ဘောလုံးရာသီတွင် အသင်းတိုင်းက ချဲလ်ဆီးကို ဖိအား ပေးရန် ပြင်ဆင်ထားသောကြောင့် ချန်ပီယံဆုဖလားအတွက် ခက်ခဲလိမ့်မည်ဟု ပြောကြားလိုက်သည်။

ယခုနှစ်ပရီးမီးယားလိဂ်ရာသီအစကတည်းက ရုန်းကန်ခဲ့ရသော ချဲလ်ဆီးအသင်းမှာ ပွဲစဉ်(၄)ပွဲကစားပြီးချိန်တွင် ရမှတ်(၄)မှတ်သာပိုင်ဆိုင်ခဲ့သောကြောင့် အမှတ်ပေးဇယားအဆင့်(၁၃)တွင်ရပ်တည်နေရသည်။

မော်ရင်ညို၏ချဲလ်ဆီးအသင်းသည် အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးအသင်းနှင့်ရမှတ်(၈)မှတ်ကွာဟ နေသော်လည်း ကွင်းလယ်လူဟာဇက်က ဆုဖလားသိမ်းပိုက်နိုင်ရန် အခွင့်အရေးရှိသေးကြောင်းပြောကြား ခဲ့သည်။

ဟာဇက်က “အသင်းတိုင်းက ဖိအားပေးဖို့ပြင်ဆင်ထားလို့ ချဲလ်ဆီးအတွက် အခုနှစ်ဆုဖလားပိုင်ဆိုင်ဖို့ ခက်ခဲ နေပါတယ်။ လူတိုင်းက ကျွန်တော်တို့အသင်းကို အနိုင်ယူချင်နေကြတာပါ။ မနှစ်က အကောင်းဆုံး ခြေစွမ်းမျိုးပြန်ရမယ်ဆိုရင် အခုဘောလုံးရာသီမှာလည်း ရလဒ်ကောင်းတွေပိုင်ဆိုင်ပါလိမ့်မယ်”ဟု ပြောကြား ခဲ့သည်။

comments

error: Content is protected !!