လီဗာပူးနှင့်ပွဲတွင် မန်ယူဂိုးသမားဒီဂီယာ ပြန်လည်ပွဲထွက်ခွင့်ရနိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
degea
မက်ဒရစ်မြို့တွင်း၌ စက်တင်ဘာ ၁ ရက်နေ့ကတွေ့ရသည့် ဒီဂီယာ

မန်ယူအသင်းတွင်ပွဲထွက်ခွင့်ဆုံးရှုံးနေသော ဂိုးသမားဒီဂီယာမှာ လာမည့်စနေနေ့တွင် လီဗာပူအသင်းနှင့်ကစား ရမည့်ပွဲစဉ်၌ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ရန် နီးစပ်လျက်ရှိကြောင်းသိရသည်။ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန်နီးစပ်ခဲ့သော ဒီဂီယာနှင့် မန်ယူအသင်းနည်းပြဗန်ဟားလ်တို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပြီး နောက် ပွဲထွက်ခွင့်ဆုံးရှုံးနေမှုမှာ အဆုံးသတ်ဖွယ်ရှိကြောင်း The Mirror မှဖော်ပြခဲ့သည်။

ဒီဂီယာသည် ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်း၏ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်တွင်ကစားခဲ့သော ပီအက်စ်ဂျီနှင့်ပွဲစဉ်တွင်စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးနောက်နည်းပြဗန်ဟားလ်ကမိမိ၏ဂိုးသမားမှာ ပွဲစဉ်အပေါ်စိတ်နှစ်မြှုပ်မှုပုံမှန်အနေအထားမရှိဟုဆိုကာ ဂိုးသမားသစ်ဆာဂျီယိုရိုမီယိုကို ပွဲထွက်ခွင့်ပေးခဲ့သည်။

အဆိုပါအာဂျင်တီးနားဂိုးသမားမှာ ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ်(၄)တွင် ဆွမ်ဆီးအသင်းအိမ်ကွင်း၌ (၂-၁)ဂိုး ဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် စွမ်းဆောင်ရည်ကျဆင်းခဲ့သောကြောင့် ပွဲထွက်ခွင့်ဆုံးရှုံးနေသော ဒီဂီယာအတွက် အခွင့်အရေးပြန်လည်ရရှိလာနိုင်သည်။

comments

error: Content is protected !!