ဘိုင်ယန်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေဟု ၀ုဖ်ဘတ်နောက်ခံလူ ဒန်တီပြော
|
ယခုအပြောင်းအရွှေ့နောက်ဆုံးရက်တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ၀ုဖ်ဘတ်သို့ ပြောင်းရွှေ့လာသော နောက်ခံလူ ဒန်တီက ၎င်း၏အသင်းသစ်မှာ ဘိုင်ယန်ကိုရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
ဒန်တီသည် ဘိုင်ယန်မြူးနစ်အသင်းနည်းပြဂွါဒီယိုလာလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့သဖြင့် ၀ုဖ်ဘတ် အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဒုတိယနေရာဖြင့်ရာသီသိမ်းနိုင်ခဲ့သောဝုဖ်ဘတ်သည် ပိုကယ်ဖလားချန်ပီယံဆု သိမ်းပိုက်ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီတွင်လည်း အကောင်းဆုံးပုံစံရရှိရန် ထွက်ခွာသွားသည့် တောင်ပံ ကစားသမားဒီဘရူနီနေရာတွင် ဒရက်စ်လာကို အစားထိုးခေါ်ယူအားဖြည့်ခဲ့သည်။ ထို့ကြောင့် ဗဟိုနောက်ခံလူ ဒန်တီက ၀ုဖ်ဘတ်မှာ မိမိ၏အသင်းဟောင်း ဘိုင်ယန်မြူးနစ်ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည် ကြောင်းဆိုခဲ့သည်။
ဒန်တီမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့် ဘွန်ဒက်စ်လီဂါချန်ပီယံ(၃)ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ပိုကယ်ဖလား(၂)ကြိမ်၊ (၂၀၁၂)ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားတစ်ကြိမ်သိမ်းပိုက်နိုင်ခဲ့သူဖြစ်သည်။
Next : ရော်နယ်ဒိုအား ပေါင် ၁ဘီလီယံရမှ ရောင်းချမည်ဟု ပီရက်ဇ် ဆို