အက်သလက်တီကိုနှင့် ပွဲအား ဘာစီလိုနာ ဂိုးသမား ဘရာဗို လွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
bravo
စပိန်စူပါဖလားပွဲတွင်တွေ့ရသည့် ဘရာဗို

ဘာစီလိုနာအသင်း၏ အဓိကပွဲထွက်ဂိုးသမားဖြစ်သူ ဘရာဗိုသည် လေ့ကျင့်ရေးကွင်းအတွင်း ခြေသလုံးကြွက် သားဒဏ်ရာရရှိခဲ့သည့်အတွက် ရက်သတ္တပတ်သုံးပတ်ခန့်အနားယူရတော့မည်ဖြစ်ရာ အက်သလက်တီကို နှင့်ပွဲစဉ်အား လွဲချော်တော့မည်ဖြစ်ကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူမှ ထုတ်ဖော်ပြောကြားခဲ့ သည်။

ဂိုးသမားဘရာဗို၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ ဘာစီလိုနာအသင်းအနေဖြင့် အတိအကျသတင်းထုတ် ပြန်ခြင်းမရှိသေးသော်လည်း အစောပိုင်းကာလသတင်းထုတ်ပြန်မှုတွင် အသင်းအနေဖြင့် ဘရာဗိုအားအချိန်ကာ လတစ်ခုအထိ အနားပေးရဖွယ်ရှိနေကြောင်းကိုမူ အရိပ်အမြွက်ထုတ်ပြန်ကြေညာထားခဲ့သည်။

“ဘရာဗိုရဲ့ဒဏ်ရာအခြေအနေက ရက်အနည်းငယ်အတွင်းပြန်လည်သက်သာနိုင်တယ်ဆိုပေမယ့် ဘောလုံးပြန်ကစားနိုင်ဖို့အတွက် အချိန်အနည်းငယ်အနားယူရဦးမှာပါ။ ကြွက်သားဒဏ်ရာကြောင့် လာလီဂါပွဲစဉ်တချို့လွဲချော် နိုင်သလို အက်သလက်တီကိုနဲ့ပွဲကတော့ ပါဝင်ကစားဖို့မသေချာတော့ပါဘူး” ဟု ဂိုးသမားဘရာဗို၏ အေးဂျင့် ဖြစ်သူ ခရစ္စတီယန်က မီဒီယာများထံ ထုတ်ဖော်ပြောကြားသွားခဲ့သည်။

လက်ရှိလာလီဂါချန်ပီယံဘာစီလိုနာအသင်းအနေဖြင့် ပွဲစဉ်နှစ်ပွဲကစားပြီး၌ ရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်ခဲ့ပြီး ယင်းပွဲစဉ်နှစ်ပွဲစလုံးတွင် ဂိုးသမားဘရာဗိုသည် ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။

ဂိုးသမားဘရာဗိုဒဏ်ရာရရှိခဲ့ခြင်းကြောင့် နည်းပြအန်းနရစ်အနေဖြင့် အက်သလက်တီကိုအသင်းနှင့်ပွဲစဉ်တွင် ဒုတိယဦးစားပေးဂိုးသမားဖြစ်သူ ဂျာမနီလက်ရွေးစင်ဂိုးသမားဖြစ်သူ တာစတီဂျန်ကိုသာ အသုံးပြုရတော့မည် ဖြစ်သည်။ ဘာစီလိုနာအသင်းနှင့်အက်သလက်တီကိုအသင်းတို့သည် လာလီဂါပွဲစဉ်-၃အဖြစ် စက်တင်ဘာ၂၃ ရက်တွင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!