တိုဂိုတိုက်စစ်မှူးအဒီဘာယော လက်ရွေးစင်အသင်းလူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
adebayor
စပါးလေ့ကျင့်ရေးအစီအစဉ်တွင် ဖေဖော်ဝါရီလကတွေ့ရသည့် အဒီဘာယော

ပရီးမီးယားလိဂ်ကလပ် စပါးအသင်း၏တိုက်စစ်မှူးဖြစ်သူ အဒီဘာယောသည် လက်ရွေးစင်အသင်းနှင့်ပူးပေါင်း ရန်အချိန်ဆွဲနေခဲ့သည့်အတွက် လက်ရွေးစင်အသင်းလူစာရင်းမှချန်လှပ်ခံခဲ့ရကြောင်း မီဒီယာများမှဖော်ပြခဲ့ကြ သည်။

ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ၀က်စ်ဟမ်းအသင်းထံပြောင်းရွှေ့ရန်နီးစပ်ခဲ့ သည့်တိုက်စစ်မှူး အဒီဘာယောသည် စပါးအသင်း၏ ပရီးမီးယားလိဂ်လူစာရင်းနှင့် ယူရိုပါလိဂ်လူစာရင်းတို့မှ လည်းချန်လှပ်ခြင်းခံခဲ့ရသူဖြစ်သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ တိုဂိုလက်ရွေးစင်နည်းပြဖြစ်သူ တွန်စိန့်ဖရက်က “ နည်းပြတစ်ယောက်ရဲ့ လုပ် ပိုင်ခွင့်အရ လုပ်ခဲ့ရတယ်ဆိုပေမယ့် အဒီဘာယောအတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက် မကစားပေးလိုတဲ့ ကစားသမားတစ်ယောက်ကိုတော့ မျှော်လင့်နေမှာမဟုတ်တဲ့အကြောင်းသတိပေးလိုက်တာပါပဲ ” ဟု ဖွင့်ဟပြောကြားခဲ့သည်။

၂၀၀၀ ခုနှစ်မှစ၍ တိုဂိုလက်ရွေးစင်အသင်းအတွက် စတင်ကစားပေးခဲ့သည့်တိုက်စစ်မှူးအဒီဘာယောသည် လက်ရွေးစင်အသင်းအတွက် ၂၉ဂိုးအထိသွင်းယူပေးထားခဲ့သည့်ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သော်လည်း အသင်းနှင့်ပြန်လည်ပူးပေါင်းလေ့ကျင့်ရန် အချိန်နောက်ကျခဲ့သဖြင့် လက်ရွေးစင်ကစားသမားအဖြစ်မှ ထုတ်ပယ် ခြင်းခံခဲ့ရသူဖြစ်သည်။

comments

error: Content is protected !!