အင်္ဂလန်နှင့်ခြေစမ်းပွဲကို အယ်ကန်တီမြို့တွင် ပြောင်းလဲကျင်းပရန် စပိန်ဘောလုံးအဖွဲ့ချုပ်ဆုံးဖြတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
<> on September 2, 2015 in Madrid, Spain.
လေ့ကျင့်ခန်းဆင်းနေသော စပိန်ဂိုးသမားများ

ဥရောပ ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် စပိန်အသင်းသည် လာမည့်နိုဝင်ဘာလအတွင်း အင်္ဂလန်လက်ရွေး စင်အသင်းနှင့်ခြေစမ်းပွဲကစားမည့်ပွဲစဉ်အား နေ့ရက်ရွှေ့ပြောင်းခဲ့ပြီး မူလက စီစဉ်ထားသည့် မက်ဒရစ်မြို့အစား အယ်ကန်တီမြို့တွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ ထို့အတူ စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် နိုဝင်ဘာ ၁၂ရက်နေ့အစား နိုဝင်ဘာ ၁၃ရက်နေ့ထံ ရွှေ့ပြောင်းကစားရန်ဆုံးဖြတ်ခဲ့သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် လက်ရွေးစင်နောက်ခံလူ ပီကေးမှာ ကတ်တလန်အသင်းတွင် ၀င်ရောက်ကစားလိုသည်ဟု ပြောကြားခဲ့သည့်အပေါ်ဝေဖန်မှုများမြင့်တက်နေ သည့်အတွက် ပရိသတ်များစွာလာရောက်နိုင်သည့် မက်ဒရစ်မြို့အစား ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် အယ်ကန် တီမြို့ထံ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများရှိနေခဲ့သည်။

စပိန်အသင်းသည် အဆိုပါအယ်ကန်တီမြို့တွင် ၂၀၁၂၊ အောက်တိုဘာလတွင် စကော့တလန်အသင်းနှင့် နောက်ဆုံးခြေစမ်းခဲ့ပြီး ၃-၁ဂိုးဖြင့်အနိုင်ရရှိထားခဲ့သည်။ ယင်းကဲ့သို့ ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့ခြင်းမှာ စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် မက်ဒရစ်မြို့အခြေစိုက် ရီးရဲလ်အသင်းတို့အကြား ပြဿနာတစ်စုံတစ်ရာရှိနေခဲ့၍ ဖြစ်နိုင်ကြောင်း မီဒီယာများမှ သုံးသပ်ဖော်ပြလျက်ရှိသည်။

comments

error: Content is protected !!