ဆားဘီးယားနှင့်ပွဲတွင် တိုက်စစ်မှူးဂီရော့ဒ် ပရိသတ်များ၏ လှောင်ပြောင်မှုခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
giroud
ဂိုးသွင်းခွင့်များဖြုန်းတီးခဲ့၍ ဘန်ဇီမာနှင့် လူစားလဲခံခဲ့ရသည့် ဂီရော့ဒ်

ဆားဘီးယားအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ဂိုးသွင်းခွင့်များကို ဖြုန်းတီးပစ်ခဲ့သည့် ပြင်သစ်တိုက်စစ်မှုး ဂီရော့ဒ်မှာ ပရိတ်သတ်များ၏ လှောင်ပြောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ဂီရော့ဒ်မှာ ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်၏ ပွဲထွက်လူစာရင်းတွင် အထောင်တိုက်စစ်မှုးအဖြစ် ပါဝင်ခွင့်ရခဲ့သော်လည်း ဂိုးသွင်းခွင့်များကို ဖြုန်းတီးပစ်ခဲ့သောကြောင့် တိုက်စစ်မှုးဘန်ဇီမာနှင့် လူစားလဲချိန်တွင် ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် နည်းပြဒက်ချမ့်က ဂီရော့ဒ်မှာ ကံမကောင်းခဲ့သောကြောင့် ဂိုးသွင်းခွင့်များကို လွဲချော်ခဲ့ရခြင်းဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။ ဂီရော့ဒ်သည် လက်ရှိရာသီ ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ပုံစံရရန် ရုန်းကန်နေရပြီး ၀ဲလ်ဘတ်ဒဏ်ရာကြောင့် နားနေရချိန်တွင် အာဆင်နယ်အသင်းအတွက် အားထားနေရသူ ဖြစ်သည်။ ဂီရော့ဒ်မှာ ခစ္စတယ်ပဲလေ့စ်အား အနိုင်ရသောပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပြင်သစ်အသင်း လူစာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ဂီရော့ဒ်သည် ပြင်သစ်အသင်း၏လာမည့် ယူရိုခြေစစ်ပွဲစဉ်များတွင် ပုံမှန်နေရာရရန်အတွက် မန်ယူအသင်းလူငယ်တိုက်စစ်မှုး အန်တိုနီမာရှယ် ၊ ရီးရဲလ်တိုက်စစ်မှုး ဘန်ဇီမာ တို့ နှင့် အပြိုင်နေရာလုမည်ဟုလည်း သိရသည်။

comments

error: Content is protected !!