နည်းပြဇီဒန်းနှင့် လက်တွဲလို၍ လီဗာပူး၊ မန်ယူတို့ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ဟု အိုဒီဂတ်ဖွင့်ဟ
|
အသက် ၁၆နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ အိုဒီဂတ်က ပရီးမီးယားအသင်းအ ချို့ထံပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း နည်းပြဇီဒန်းနှင့်လက်တွဲလို၍ လီဗာပူး၊ မန်ယူအသင်းများကိုငြင်းပယ်ခဲ့ ခြင်းဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်။ အိုဒီဂတ်သည်နော်ဝေလက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပြီးနောက် ဥရောပထိပ်သီးအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး ယင်းအထဲတွင်ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ ဖြစ်သည့် မန်ယူ၊ မန်စီးတီးနှင့်လီဗာပူးအသင်းတို့ ပါဝင်ခဲ့သည်။
‘‘ လေ့လာရေးအဖြစ်အလည်သွားခဲ့တဲ့ လီဗာပူး၊ မန်ယူ၊ မန်စီးတီးအသင်းတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေက ထိပ်တန်းအဆင့်တွေချည်းပါပဲ။ ဒါပေမဲ့ ရီးရဲလ်အသင်းကိုရွေးချယ်ဖြစ်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ထိ ပ်တန်းကစားသမားတစ်ယောက်ဖြစ်ဖို့အတွက်ရီးရဲလ်အသင်းကအထောက်အပံ့ပေးနိုင်မယ်လို့လည်း ယုံကြည်ပါ တယ်။အထူးသဖြင့် နည်းပြဇီဒန်းနဲ့လက်တွဲချင်လို့ရီးရဲလ်အသင်းကိုရွေးချယ်ခဲ့တာပါ။ သူ့ဆီကနေလေ့လာသင် ယူစရာတွေအများကြီးရှိပါသေးတယ် ’’ ဟု အိုဒီဂတ်က ဖွင့်ဟပြောကြားခဲ့သည်။
နော်ဝေ ယူ-၂၁အသင်းနှင့်လက်ရွေးစင်အသင်းကြီးအတွက် ပါဝင်ကစားပေးနေသည့် အိုဒီဂတ်သည် လက်ရှိအ ချိန်တွင် ရီးရဲလ်မက်ဒရစ်-ဘီအသင်းတွင်ပါဝင်ကစားလျက်ရှိသော်လည်း ရီးရဲလ်အသင်းကြီး၏၂၀၁၅-၁၆ ဥရောပချန်ပီယံလိဂ်လူစာရင်းတွင်လည်း ထည့်သွင်းအရွေးချယ်ခံထားရသူဖြစ်သည်။
Next : ဂရယ်လစ်ခ်ျအား ရွိုင်းဟော့ဆန် စည်းရုံးနေကြောင်း အိုင်ယာလန်နည်းပြစွပ်စွဲ