ဂရယ်လစ်ခ်ျအား ရွိုင်းဟော့ဆန် စည်းရုံးနေကြောင်း အိုင်ယာလန်နည်းပြစွပ်စွဲ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
grea
သြဂုတ်၂၂က ကျင်းပခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်မှ ဂရယ်လစ်ခ်ျ(၀ါ)၏ ထိုးဖောက်ကစားဟန်။

အိုင်ယာလန်လက်ရွေးစင်နည်းပြဖြစ်သူ မာတင်အိုနေးလ်က အင်္ဂလန်လက်ရွေးစင်နည်းပြဖြစ်သူ ရွိုင်းဟော့ဆန် အနေဖြင့် ဗီလာကွင်းလယ်ကစားသမားဖြစ်သူဂရယ်လစ်ခ်ျအား လက်ရွေးစင်အသင်းအဖြစ်ရွေးချယ်ရာတွင်အင်္ဂ လန်အသင်းကို ရွေးချယ်ရန် သွေးဆောင်စည်းရုံးနေကြောင်း စွပ်စွဲပြောကြားလိုက်သည်။

မိခင်ဖြစ်သူဘက်မှအဖိုးဖြစ်သူမှာအိုင်ယာလန်နိုင်ငံသားဖြစ်နေသည့်အတွက် အိုင်ယာလန်ယူ-၂၁အသင်းတွင် ပါဝင်ကစားနေသည့်ဗီလာကွင်းလယ်ကစားသမားဖြစ်သူဂရယ်လစ်ခ်ျသည်အင်္ဂလန်နိုင်ငံ၊ဘာမင်ဂမ်မြို့တွင်မွေးဖွားခဲ့သည့်အတွက် အင်္ဂလန်လက်ရွေးစင်အသင်းတွင်ပါကစားခွင့်ရှိနေခဲ့ခြင်းကြောင့် အင်္ဂလန်နည်းပြရွိုင်းဟော့ ဆန်၏ ဖိတ်ကြားခြင်းကိုခံနေရသူဖြစ်သည်။

‘‘ နည်းပြဟော့ဆန်အနေနဲ့ ဂရယ်လစ်ခ်ျကို အင်္ဂလန်လက်ရွေးစင်တစ်ယောက်အဖြစ် မြင်တွေ့လိုနေတယ်ထင် ပါတယ်။ အင်္ဂလန်အသင်းကိုရွေးချယ်ဖို့လည်းသွေးဆောင်စည်းရုံးနေသလိုဖိအားပေးမှုတွေလည်း ရှိနေပါတယ်’’ ဟု အိုင်ယာလန်နည်းပြ မာတင်အိုနေးလ်က ဆိုခဲ့သည်။

အသက်၁၉နှစ်အရွယ်ရှိဗီလာကွင်းလယ်ကစားသမားဖြစ်သူဂရယ်လစ်ခ်ျ၏ အဘေးဖြစ်သူသည် အင်္ဂလန်လက် ရွေးစင်အသင်းအတွက်ပါဝင်ကစားပေးခဲ့ဖူးသူဖြစ်ပြီး၁၉၀၅ခုနှစ်တွင်ဗီလာအသင်းနှင့်အတူ အက်ဖ်အေဖလားရရှိ ခဲ့ဖူးသူဖြစ်သည်။

comments

error: Content is protected !!