MNL သို့ပထမဦးဆုံးအကြိမ် တန်းတက်လာသည့် Horizon အသင်း ကစားသမားသစ်များ ခေါ်ယူမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
horizon
MNL-2 ဒုတိယဖြင့် တန်းပြန်တက်လာသည့် Horizonအသင်းအောင်ပွဲခံနေစဉ်။

ရန်ကုန်၊စက်တင်ဘာ ၇။

အောင်သော်ဖြိုး။

၂ဝ၁၅ နေရှင်နယ်လိဂ် ၂ ဒုတိယနေရာ တန်းတက်ခွင့် ရခဲ့သည့် Horizon အသင်း သည် မြန်မာနေရှင်နယ်လိဂ် တွင် တောင့်တင်းသော အသင်းတစ်သင်း အနေဖြင့် ယှဉ်ပြိုင်နိုင်ရန် ကစားသမား အသစ် ၁ဝဦးခန့် ထပ်မံ ဖြည့်တင်းသွားမည် ဟု Horizon အသင်းနည်းပြ တူရကီနိုင်ငံသား အူဘေး က ပြောကြားသည်။

“အသင်းနဲ့ အံဝင်မယ့် Player တွေကိုပဲခေါ်သွားမှာပါ။ ပြည်တွင်းကစားသမားဘယ်လောက် နိုင်ငံခြားသား ကစားသမား ဘယ်လောက်ဆိုတာ မပြောနိုင်သေးဘူး” ဟု အူဘေး က ပြောဆိုသည်။

Horizon FC အသင်းသည် ၂ဝ၁၅ နေရှင်နယ်လိဂ် ၂ ပြိုင်ပွဲတွင် (၁၈)ပွဲကစား၊ (၁ဝ)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၂)ပွဲရှုံး ရလဒ်ဖြင့် အဆင့် ၂ နေရာတွင်ရပ်တည်ခဲ့ပြီး အသင်း သမိုင်းတစ်လျောက် ပထမဆုံးအကြိမ် MNL-1 ပြိုင်ပွဲသို့ တက်ရောက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

Horizon FC အသင်း အနေဖြင့် စတင်ဖွဲ့စည်းသည့် ၂၀၁၂ ခုနှစ်ကပင် မြန်မာ နေရှင်နယ်လိဂ်(၂) ပြိုင်ပွဲများ တွင်သာ ယှဉ်ပြိုင်ကစားခဲ့ ရပြီးယခုနှစ်တွင် ဒုတိယ နေရာမှ ပထမဆုံးအကြိမ် တန်းတက် ကစားခွင့် ရရှိခြင်း ဖြစ်သည်။

၂၀၁၅ နေရှင်နယ်လိဂ် ၂ ပြိုင်ပွဲကို ကစားသမး ၁၈ဦးဖြင့် ယှဉ်ပြိုင်ခဲ့သည့် Horizon အသင်းသည် ပထမဆုံး တန်းတက်ရာသီတွင် အလယ်အလတ် အဆင့်ရရှိရန် ရည်မှန်းထားပြီး ရည်မှန်းချက်နှင့် ကိုက်ညီသော အသုံးစရိတ်ကို သုံးစွဲသွားမည်ဟု အသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တန်းတက်လာပြီးနောက်Horizonအသင်းအနေဖြင့် ကစားသမားများကို ခွင့် ၁လကျော်ခန့် ပေးသွားမည်ဖြစ်ပြီး ခွင့်ပြီးဆုံးသည့် အချိန်မှ စတင်ကာ အသင်းကြီး မှ ကစားသမားများ နှင့် လူငယ်အသင်း မှ ကစားသမားများ ပေါင်းစပ်ပြီး လိုအပ်သော နေရာများအတွက် ကစားသမားများ ခေါ်ယူမည် ဟု သိရသည်။

comments

error: Content is protected !!