နိုင်ငံအတွက် ပိုမိုပေးဆပ်လိုဟု မြောက်အိုင်ယာလန် တိုက်စစ်မှူးပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Kyle Lafferty
ရိုမေးနီးယားဘက်သို့ တိုက်စစ်ဆင်နေသည့် လက်ဖ်ဖာတီ

မြောက်အိုင်ယာလန်တိုက်စစ်မှူးကိုင်းလ်လက်ဖ်ဖာတီက ယူရိုခြေစစ်ပွဲတစ်လျှောက် လက်ရွေးစင်အသင်း အတွက် ၆ ဂိုးသွင်းယူထားသော်လည်း ယခုထက်ပိုမိုပေးဆပ်လိုသည်ဟု ပြောကြားလိုက်သည်။ အသက် ၂၇ နှစ် အရွယ်ရှိ ထိုကစားသမားမှာ နောဝစ်ခ်ျတွင် ပွဲထွက်ကစားသမားအဖြစ် သတ်မှတ်မခံရသဖြင့် ပွဲဝေးနေသော် လည်း ဖာရိုးကျွန်းစုနှင့်ကစားခဲ့သည့် လက်ရွေးစင်ပွဲတွင် ဂိုးသွင်းယူပြီးနောက် ဟန်ဂေရီကို အနိုင်ရလျှင် ခြေစစ်ပွဲ အောင်မြင်မည့်အနေအထားရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
လက်ဖ်ဖာတီက “ကျွန်တော်တို့အသင်း ဒီလိုအနေအထားရောက်မယ်လို့ ထင်မထားခဲ့ပါဘူး။ ယူရိုပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်တာက ဒီတစ်ကြိမ်မှာ မြောက်အိုင်ယာလန်အတွက် ပထမဆုံးဖြစ်လာပါလိမ့်မယ်။ ဒါဟာ တကယ့်အောင်မြင်မှုကြီးပါ။ အဆုံးသတ်ရလဒ်သိရဖို့ စိတ်စောနေပါပြီ”ဟု ပြောကြားခဲ့သည်။
မြောက်အိုင်ယာလန်အသင်းမှာ ယူရိုခြေစစ်ပွဲ ၁၃ ကြိမ်ဝင်ခဲ့သော်လည်း တစ်ကြိမ်မှ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း မရှိ ချေ။ လက်ရှိအချိန်တွင် အုပ်စု စ ပွဲစဉ် ၃ ပွဲကျန်ရှိနေသေးပြီး မြောက်အိုင်ယာလန်မှာ ၃ မှတ်ရလျှင် ခြေစစ်ပွဲ အောင်တော့မည်ဖြစ်ပြီး လက်ရွေးစင်အသင်းသမိုင်းအတွက် မှတ်တိုင်သစ်လည်းဖြစ်လာမည်ဖြစ်သည်။ မြောက်အိုင်ယာလန်သည် ခြေစစ်ပွဲ ပွဲဦးထွက်တွင် ဟန်ဂေရီကို အဝေးကွင်း၌ ၂-၁ ဖြင့် အနိုင်ယူခဲ့ပြီး ဖာရိုး ကျွန်းစုကို ၂ ပွဲ၊ ဂရိ၊ ဖင်လန်တို့ကို ၁ ပွဲစီအနိုင်ရကာ ရိုမေးနီးယားကိုသာ အရေးနိမ့်ထားသည်။

comments

error: Content is protected !!