စကော့တလန်ကို အန္တရာယ်ရှိသောပြိုင်ဘက်ဟု ဟမ်မဲလ်သတ်မှတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
hum
ပိုလန်နှင့်ပွဲမတိုင်မီက အသင်းဖော်များနှင့်လေ့ကျင့်ခန်းဆင်းနေသည့် ဟမ်မဲလ်

ဂျာမနီအသင်းနောက်ခံလူ မတ်စ်ဟမ်မဲလ်က စကော့တလန်အသင်းမှာ ဂျော်ဂျီယာကို ယူရိုခြေစစ်ပွဲတွင် အရေး နိမ့်ခဲ့သော်လည်း အန္တရာယ်ရှိသောပြိုင်ဘက်ဟု ယုံကြည်ကြောင်းပြောကြားလိုက်သည်။ ဂျာမနီအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ယူရိုခြေစစ်ပွဲတွင် ပိုလန်ကိုအနိုင်ရခဲ့သည်။
ခြေစစ်ပွဲ ၃ ပွဲ ဆက်လက်ကစားရမည့် ဂျာမနီအသင်း နောက်ခံလူ ဟမ်မဲလ်က “ကျွန်တော်တို့အမှားကင်းကင်းနဲ့ ကစားနိုင်ရင်တော့ စကော့တလန်ကို အနိုင်ရမှာပါ။ ကျွန်တော်တို့က နိုင်ပွဲလိုချင်တဲ့အတွက် လိုအပ်တဲ့အတွက် ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ စကော့တလန်အသင်းဟာ အန္တရာယ်များပါတယ်။ သူတို့ရဲ့နောက်ဆုံးပွဲ ခြေစွမ်းကိုကြည့်ပြီး မှန်းဆလို့မရပါဘူး။ သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်သလို တစ်ဦးချင်းထူးချွန်သူတွေ လည်းများပါတယ်။ ဒါ့အပြင် ပရိသတ်အားပေးမှုကလည်း ကောင်းပါတယ်။ သူတို့စိတ်တိုင်းကျ ကစားခွင့် ပေးလိုက်ရင် ပရိသတ်အားက ပိုတက်လာပြီး အရမ်းကောင်းတဲ့အသင်းဖြစ်သွားနိုင်ပါတယ်” ဟု ပြောကြားသည်။

comments

error: Content is protected !!