စီးရီးဘီတွင် အပြုအမူကောင်းသော ကစားသမားများကို အစိမ်းကတ်ပေးမည်
|
အီတလီစီးရီးဘီပြိုင်ပွဲတွင် သန့်ရှင်းမျှတစွာကစားသော ဘောလုံးသမားများကို အစိမ်းကတ်ပေးကာ ဂုဏ်ပြုသွား မည်ဖြစ်ကြောင်းသိရသည်။ အစိမ်းကတ်ကို ပွဲကစားနေချိန်တွင်ပေးအပ်မည်မဟုတ်ဘဲ ပွဲချိန်အတွင်း အပြုအမူ ကောင်းရှိသည့်ကစားသမားများကို ပေးအပ်မည်ဖြစ်သည်။
ယခုအစီအစဉ်ကြောင့် အီတလီဘောလုံးလောက၏ပုံရိပ်ကို ပြောင်းလဲနိုင်မည်ဟု စီးရီးဘီပြိုင်ပွဲတာဝန်ရှိသူများ က မျှော်လင့်နေပြီး ထိုကတ်ပေးအပ်မည့်စာရင်းတွင် နည်းပြများ၊ ပရိသတ်များကိုလည်း ထည့်သွင်းသွားမည်ဟု သိရှိရသည်။ စီးရီးဘီပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက “ဘောလုံးလောကမှာ အပြုသဘောဆောင်တဲ့အချက်တွေ လည်း လိုအပ်တယ်လို့ထင်ပါတယ်။ ဒီကစားနည်းက အငြင်းပွားစရာတွေ မကြာခဏဖြစ်တတ်လို့ တချို့ပရိသတ် တွေကို ကွင်းတွင်းလာချင်စိတ်မဲ့သွားစေတယ်” ဟု ပြောကြားခဲ့သည်။
စီးရီးဘီဥက္ကဌ အန်ဒရီယာအဘိုဒီက ကစားသမားများမှာ အစိမ်းကတ်ရရှိရန် ပရော်ဖက်ရှင်နယ်ပီသသည့် ထူးခြားသောအပြုအမူလိုအပ်သည်ဟု ဆိုသည်။
Next : ဆောက်သမ်းမြန်မာအသင်း မြန်မာနေရှင်နယ်လိဂ်သို့ တန်းပြန်တက်လာ