တတိယ နေရာအတွက် ကိုသာ အာရုံစိုက် ရတော့မည်ဟု ဟော်လန်နည်းပြ ၀န်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Lens 1
ပြီးခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဟော်လန်အသင်းလေ့ကျင့်ရေးကွင်းမှ ဂျာရမိန်းလန်းစ်

ယခုတနင်္ဂနွေနေ့တွင် ကစားမည့် ဥရောပဘောလုံးအင်အားကြီးနိုင်ငံများဖြစ်သည့် ဟော်လန်နှင့်တူရကီတို့ပွဲစဉ် မှာ ၂ သင်းလုံးအတွက် ယူရို-၂၀၁၆ ပြိုင်ပွဲတွင်ပါဝင်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်သည်။ ဟော်လန်မှာ အိုက်စလန် ကို အိမ်ကွင်းတွင် အရေးနိမ့်ခဲ့ပြီး တူရကီမှာ လတ်ဗီးယားနှင့်သရေကျခဲ့သည့်အတွက် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ရေးကို စွန့်လွှတ်လိုက်ရပြီး အုပ်စုတတိယနေရာဖြင့် ရှုံးထွက်ခြေစစ်ပွဲကစားခွင့်ရရေးကိုသာ ဆက်လက်ကြိုးပမ်းကြရတော့မည်ဖြစ်သည်။
ဟော်လန်နည်းပြအဖြစ် ဂုဟစ်ဒင့်နေရာကိုဆက်ခံသော ဒန်နီဘလိုင်းက “အုပ်စုထိပ်ဆုံး ၂ နေရာကတော့ လက် လွှတ်လိုက်ရပါပြီ။ ရှုံးထွက်အဆင့်ကနေ ခြေစစ်ပွဲအောင်မြင်ဖို့ လုပ်ရတော့မှာပါ” ဟု ၀န်ခံပြောကြားထားသည်။ ဟော်လန်မှာ အုပ်စုအားဦးဆောင်နေသည့် အိုက်စလန်နှင့် ချက်တို့နောက်တွင် ၈ မှတ်အကွာဖြင့် တတိယနေရာ မှရပ်တည်နေပြီး တူရကီမှာ ဟော်လန်နှင့် ၁ မှတ်အကွာ စတုတ္ထနေရာတွင်ရှိနေသည်။
နောက်ဆက်တွဲသိရှိရသောသတင်းအရ တူရကီနှင့်ကစားမည့်ပွဲစဉ်တွင် ဟော်လန်အသင်းခေါင်းဆောင် ရော်ဘင်မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်တော့သဖြင့် ဆန်းဒါးလန်းကွင်းလယ်လူ ဂျာရမိန်းလန်းစ်အား အစားထိုး ခေါ်ယူလိုက်ကြောင်းသိရှိရသည်။

comments

error: Content is protected !!