အင်္ဂလန်အသင်းတွင် ဂျွန်စတုန်းပါဝင်ကစားဖွယ်ရှိ
|
အဲဗာတန်ကလပ်မှ အသက် ၂၁ နှစ်အရွယ်နောက်ခံလူ ဂျွန်စတုန်းသည် ချဲလ်ဆီးအသင်းက ၎င်းအား ပေါင် ၃၀ ဖြင့် ၃ ကြိမ်ကမ်းလှမ်းမှုကို အဲဗာတန်က ပယ်ချမှုခံခဲ့ရသော်လည်း လက်ရွေးစင်အသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစား မည်ဖြစ်ကြောင်းသိရသည်။
အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်က ဂျွန်စတုန်း၏ အပြောင်းအရွှေ့ဂယက်ထခဲ့မှုအတွက် စိုးရိမ်မှုမရှိဟု ထုတ် ဖော်ခဲ့ပြီး “ဂျွန်စတုန်းက ကျွန်တော့်ကို အဲဒီအကြောင်း ပြောစရာမလိုဘူး ထင်ပါတယ်။ သူက ရာနှုန်းပြည့် ပရော်ဖက်ရှင်နယ်ပီသသူပါ။ တခြားကလပ်က သူ့ကိုကမ်းလှမ်းတယ် ဒါပေမဲ့ သူစာချုပ်ချုပ်ထားတဲ့ ကလပ်က သူ့ကိုမရောင်းချင်တာကို သူလက်ခံလိုက်တယ်။ အပြောင်းအရွှေ့ဈေးကွက်လည်း ပိတ်သွားပြီဆိုတော့ အဲဗာတန်အတွက် သူဆက်ကစားမှာပါ။ သူ့ကို ကျွန်တော်တို့ယုံကြည်တယ်” ဟု ဆိုသည်။
ထို့အပြင်ဟော့ဒ်ဆန်က “ဂျွန်စတုန်းဟာ ၂ နေရာ ကစားနိုင်တဲ့သူပါ။ ဘေဆယ်မှာ ဆွစ်ဇာလန်နဲ့ကစားတုန်းက ၂-၀ နဲ့နိုင်ခဲ့ပြီး ညာနောက်ခံလူနေရာမှာ သူခြေစွမ်းပြခဲ့တယ်။ အဲဗာတန်မှာတော့ သူက ဗဟိုနောက်ခံလူအဖြစ်နဲ့ ခြေစွမ်းပြနိုင်တယ်။ နေရာ ၂ ခုမှာ ကစားနိုင်တဲ့ကစားသမားကို ရထားတာက အရမ်းကောင်းပါတယ်။ သူ့ခြေစွမ်း ဆက်ကောင်းဦးမယ်လို့ မျှော်လင့်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
Next : ဆန်မာရီနိုနှင့်ကစားရမည့်ကွင်းကို အင်္ဂလန်အသင်းသွားရောက်ကြည့်ရှုခဲ့