မိမိသည် ကောက်ရိုးမီး ခြေစွမ်းရှိ သူမဟုတ်ဟု ဟယ်ရီကိန်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
kane
အင်္ဂလန်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနေသော ဟယ်ရီကိန်း

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ယခုရာသီ တွင်ဂိုးပေါက်ပျောက် ဆုံးနေသော် လည်း၎င်းမှာ ကောက်ရိုးမီး မဟုတ်ဟု ပြောကြားလိုက်သည်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ယမန်နှစ် ရာသီက ပရီးမီယားလိဂ် သွင်းဂိုး ၂၁ ဂိုး သွင်းယူကာ ဂိုးသွင်းအ များဆုံး ကစားသမားစာရင်းတွင် ဒုတိယနေ ရာမှ ရပ်တည်ခဲ့သော် လည်းယခု ရာသီ ၄ ပွဲက စားပြီးချိန် အထိဂိုး သွင်းယူနိုင်ခြင်း မရှိသေးချေ။

ဆန်မာရီနို၊ ဆွစ်ဇာလန်တို့နှင့်ကစားမည့် ယူရို-၂၀၁၆ခြေစစ်ပွဲတွင် အင်္ဂလန်အသင်းလူစာရင်းတွင် ရွေးချယ်ခံထား သော ဟယ်ရီကိန်းက “မနှစ်တုန်းက ကံကောင်းလို့ ခြေစွမ်းပြ ခဲ့တာမ ဟုတ်ပါဘူး။ အဲဒီလို အနေအ ထားရအောင် အရမ်းကြိုး စားခဲ့ရတာပါ။ တိုက်စစ်မှူး တစ်ယောက်အနေ နဲ့ ခြေစွမ်းပြ ဂိုးသွင်းနိုင် ရင်ချီးကျူးခံ ရမယ်။ ခြေစွမ်း မပြ နိုင်ရင် ဝေဖန်ခံရမယ်ဆိုတာ နားလည်ပါ တယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်မှု ရှိပါတယ်။ ဒီရာသီ ကလည်းအဆင်ပြေ ပါတယ်။ အခုထက်တော့ ခြေစွမ်းပိုကောင်းရမှာပါ။ ဂိုးသွင်းဖို့ စိတ်အားထက် သန်နေပေ မယ့် ဘောလုံး ဆိုတာက လည်းတစ်ထစ် ချပြောလို့ ရတဲ့ကစားနည်း မျိုးမဟုတ် ပါဘူး” ဟု ပြောကြားခဲ့သည်။

ဟယ်ရီကိန်းမှာ ပြီးခဲ့သည့် ရာသီက စပါးအ သင်းအတွက် ပြိုင်ပွဲစုံ ၃၁ ဂိုးသွင်းယူပြီး တစ်နှစ်တာ အကောင်းဆုံး ပီအက်ဖ်အေ လူငယ်ကစားသမားဆုဆွတ်ခူးခဲ့သည်။

comments

error: Content is protected !!