ဒဏ်ရာ ပြဿနာကြောင့် ပိုလန်နှင့်ပွဲအား မာကိုရူးစ်လွဲချော်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
မေ၂၄ရက်နေ့က ဂျာမနီအသင်းသတင်းစာရှင်းလင်းပွဲတွင် မာကိုရူးစ် ပြောကြားနေစဉ်။
မေ၂၄ရက်နေ့က ဂျာမနီအသင်းသတင်းစာရှင်းလင်းပွဲတွင် မာကိုရူးစ် ပြောကြားနေစဉ်။

ဒေါ့မွန်တိုက် စစ်မှူးမာ ကိုရုစ်သည် ၁ နှစ်ကျော်ကာလအတွင်း ၎င်း၏ပထမဆုံးလက်ရွေးစင်ပွဲကို ပြန်လည်ပါဝင် ကစားရန်မျှော်လင့်ခဲ့သော်လည်း ခြေမဒဏ်ရာကြောင့် ယနေ့ညတွင်ကစားမည့် ပိုလန်နှင့်ပွဲစဉ်ကို လွဲချော်ရတော့ မည်ဖြစ်သည်။
မာကိုရုစ်သည် ယမန်နှစ်စက်တင်ဘာလက ကစားခဲ့သော စကော့တလန်နှင့်ပွဲတွင် ဂျာမနီအတွက် နောက်ဆုံး ကစားပေးခဲ့ပြီး နောက်ပိုင်းတွင် ဒဏ်ရာပြဿနာများကြောင့် လက်ရွေးစင်အသင်းနှင့် ဝေးကွာခဲ့ရသည်။ ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းဗိုလ်စွဲခဲ့သော်လည်း မာကိုရုစ်မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ယမန်နှစ်ကလည်း ခြေကျင်းဝတ် အရွတ်စုတ် ပြဲသည့် ပြင်းထန်သော ဒဏ်ရာကို  ၂ ကြိမ်တိုင် ခံစားခဲ့ ရသည်။ သို့သော် ယခုဘွန် ဒက်စ်လီဂါ ရာသီတွင် မူ ဒေါ့မွန်နှင့်  ၃ ပွဲကစား ပြီး၂ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင် ခဲ့သည်။
ဂျာမနီမှာ လက်ရှိအ ချိန်တွင် အုပ်စု(ဃ)တွင် ဦးဆောင် သူပိုလန် ထက်ရမှတ် ၁ မှတ်လျော့နေ ပြီးယနေ့ည တွင်ယင်း၂ သင်း ထိပ်တိုက် ရင်ဆိုင် ရမည်ဖြစ်သည်။

comments

error: Content is protected !!