ဒဏ်ရာခွဲစိတ်ပြီးနောက် ခရစ္စမတ်အထိ ၀ဲလ်ဘက်နားရမည်
|
အာဆင်နယ် တိုက်စစ်မှူး ဒန်နီဝဲလ်ဘက် သည် ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူပြီးနောက် ခရစ္စမတ် ကာလ အထိ အနားယူ ရတော့ မည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၄ နှစ် အရွယ်ရှိ ၀ဲလ်ဘက် သည် ဧပြီလက ရရှိခဲ့သော ဒူးဒဏ်ရာကို ပြီးခဲ့သည့် တစ်ပတ်က ခွဲစိတ်မှုခံယူခဲ့ရသည်။
ဝဲလ်ဘက်၏ ဒဏ်ရာပြဿနာအကြောင်းကို အာဆယ်နယ် အသင်းက အပြောင်း အရွှေ့ဈေးကွက် မပိတ်မီ ကြိုတင် သိရှိထား ခဲ့သော်လည်း တိုက်စစ် အင်အားဖြည့် တင်း မှုမပြု လုပ် ခဲ့ချေ။ ထို့ကြောင့် လက်ရှိ အာဆင်နယ် လူစာရင်း တွင် တိုက်စစ်မှူး စစ်စစ်မှာ ဂီရော့ဒ် တစ်ဦးတည်းသာ ရှိနေသည်။
ဝဲလ်ကော့၊ ဆန်းချက်ဇ်၊ ဂျိုးလ် ကမ်းဘဲလ် တို့မှာလည်း ဒဏ် ရာပြဿနာ များကြောင့် ဇန်န၀ါရီလ တည်းက အာဆင်နယ် အတွက် ၀င်ရောက် ကစားပေးနိုင် ခဲ့ခြင်း မရှိကြချေ။ အာဆင်နယ်မှာ အပြောင်း အရွှေ့ ရာသီ မပိတ်မီ က တိုက်စစ် သမား တစ်ဦးခေါ်ယူ ရန်ကြိုး ပမ်းခဲ့သော် လည်း မအောင်မြင်ခဲ့ဘဲ အပြောင်း အရွှေ့ဈေး ကွက်ပိတ် ချိန် အထိ ဂိုးသမား ပီတာချက် တစ်ဦးကိုသာ ခေါ်ယူနိုင်ခဲ့သည်။
Next : တူရကီနှင့်ပွဲအား ရော်ဘင်လွဲချော် မည်