တူရကီနှင့်ပွဲအား ရော်ဘင်လွဲချော် မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
robben injury
အိုက်စလန်နှင့်ပွဲစဉ်တွင်ဒဏ်ရာရရှိပြီးနောက်လူစားလဲခံခဲ့ရသည့် ရော်ဘင်အားတွေ့ရစဉ်။

ဟော်လန်အသင်းခေါင်းဆောင် ရော်ဘင်သည် အိုက်စလန်နှင့် ကစားခဲ့သည့် ယူရို-၂၀၁၆ ခြေစစ်ပွဲတွင် ဒူးဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။ နည်းပြဒန်နီဘလိုင်း၏ ပထမ ဆုံး ပြိုင်ပွဲအဖြစ်ကစားခဲ့သော အိုက်စလန်နှင့်ပွဲတွင် ဟော်လန်အသင်းမှာ ၁-၀ ဖြင့် အရေးနိမ့်ခဲ့သည့်အပြင် အသင်းခေါင်းဆောင်တာဝန်ယူကစားခဲ့သော ရော်ဘင်မှာလည်း ပွဲချိန် ၃၂ မိနစ်တွင် ဒူးဒဏ်ရာရရှိသွားခဲ့သည့် အတွက် လူစားလဲခဲ့ရသည်။

ဒဏ်ရာပြဿနာများ မကြာခဏကြုံတွေ့ရလေ့ရှိသည့် ရော်ဘင်သည် ယခုဒဏ်ရာကြောင့် တူရကီနှင့် ကစား ရမည့် အရေးပါသောအုပ်စုပွဲစဉ်ကို လွဲချော်ရတော့မည်ဖြစ်သည်။ ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး ရော်ဘင်က “ကျွန်တော့်ကြံ့ခိုင်မှု အရမ်းကောင်းနေခဲ့တာပါ။ ဒါပေမဲ့ ခဏခဏတားဆီးခံရပြီးနောက်မှာ ဒူးဒဏ်ရာရသွားခဲ့လို့ ဆက်မကစားနိုင်ခဲ့ပါဘူး။ အခုတော့ မြူးနစ်ကိုပြန်ပါတော့မယ်။ တူရကီနဲ့ပွဲကို ကစားနိုင်မှာမဟုတ်တော့ပါဘူး” ဟု ဆိုသည်။

လက်ရှိအချိန်တွင် ရော်ဘင်အနားယူရမည့်ကာလကို အတိအကျမသိရှိရသေးဘဲ အကယ်၍ ကာလရှည်အနား ယူရပါက ဒဏ်ရာကြောင့် ရီဘာရီ မကစားပေးနိုင်သည့် ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်အတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်လာမည်ဖြစ်သည်။

comments

error: Content is protected !!