အိုလံပစ် အမျိုးသမီး ဒုတိယ အဆင့် ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာ နှင့် ဂျော်ဒန် တွေ့ဆုံ
|
မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် ၂ဝ၁၆ အိုလံပစ် အမျိုး သမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ် အဖွင့် ပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင် အမျိုး သမီး အသင်းနှင့် ဂျော်ဒန် လက်ရွေးစင် အမျိုးသမီး အသင်းတို့ စက်တင်ဘာလ ၁၄ ရက် မန္တလေးမြို့ မန္တလာသီရိ ကစားကွင်းတွင် ညနေ ၆နာရီ ၃ဝမိနစ်တွင် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲတွင် မြန်မာ အသင်းနှင့် အတူ ထိုင်း၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ ဂျော်ဒန် အမျိုးသမီး လက်ရွေးစင် အသင်းများ တစ် အုပ်စု တည်း အုပ်စု ပတ် လည် အမှတ်ပေး စနစ်ဖြင့် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ယခု အဆင့်တွင် အုပ်စုပထမ ရသည့် အသင်းမှာ အိုလံ ပစ်ပြိုင် ပွဲနောက်ဆုံး အဆင့်ခြေစစ်ပွဲ ကိုတက်ရောက် ခွင့်ရ ရှိမည်ဖြစ် သည်။
မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် စက်တင်ဘာလ ၁၆ရက်နေ့တွင် ထိုင်း အမျိုးသမီး အသင်းနှင့် လည်းကောင်း၊ စက် တင်ဘာလ ၁၈ရက်နေ့တွင် ဗီယက်နမ် အမျိုးသမီး အသင်း နှင့်လည်းကောင်း၊ စက်တင်ဘာလ၂၂ရက်နေ့တွင် တရုတ် (တိုင်ပေ) အသင်း တို့နှင့် ညနေ ၆နာရီ ၃ဝမိနစ် အချိန်၊ မန္တလာ သီရိ အားကစားကွင်း တွင် ယှဉ်ပြိုင် ကစားရ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက် အရသိရသည်။
မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် အိုလံပစ် အမျိုးသမီး အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် တရုတ်ပြည်၊ နန်ကျင်းတွင် စက်တင်ဘာလ ၁ရက်နေ့ မှ ၈ရက်နေ့အထိ လေ့ကျင့် မှုပြုလုပ်နေပြီး မြန်မာနိုင်ငံသို့ စက်တင် ဘာလ ၉ရက်နေ့ တွင်ပြန်လည် ထွက်ခွာ လာမည်ဖြစ်သည်။
၂ဝ၁၆ အိုလံပစ် အမျိုး သမီးဘော လုံးပြိုင်ပွဲ အာရှဇုန် ဒုတိယဆင့် ခြေစစ်ပွဲ အုပ်စု ပထမရရှိ သည့် အသင်းသည် အာရှဇုန် တတိယအဆင့် ခြေစစ်ပွဲတွင် ဘိုင်ရရှိထားသည့် ဂျပန်၊ တောင် ကိုရီး ယား၊ မြောက် ကိုရီးယား၊ တရုတ်၊ သြစတြေးလျ အမျိုးသမီး လက်ရွေးစင် အသင်း များနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အိုလံပစ် ဒုတိယ အဆင့်ခြေစစ် ပွဲဝင်မည့် မြန်မာ အမျိုးသမီးအသင်း အပြီးသတ် လူစာရင်း
မြန်မာ အမျိုးသမီး အသင်း အုပ်ချုပ်/နည်းပြ အဖွဲ့
———————————————–
(၁) အုပ်ချုပ်သူ – ဒေါ်မြတ်မြတ်ဦး
(၂) နည်းစနစ် အကြံပေး – ဦးအေးမောင်
(၃) နည်းပြချုပ် – ဒေါ်သက်သက်ဝင်း
(၄) လက်ထောက် နည်းပြ – ဒေါ်စန်းစန်းသိန်း
(၅) ဂိုးနည်းပြ – ဦးကိုကိုအောင်
(၆) အသင်း ဆရာဝန် – ဒေါက်တာ ခင်စောဦး
(၇) Physiotherapist – ဒေါ်ချောစုစုလှိုင်
ကစားသမား
————
ဂိုး – မြဖူးငုံ၊ ခင်သီတာအေး၊ သန္တာဦး။
နောက်တန်း – ခင်သန်းဝေ၊ ဇင်မာဝင်း၊ ဝေေ၀အောင်၊ ဖူးပွင့်ခိုင်၊ ဇင်မာထွန်း၊ ဇာခြည်ဦး၊ လီလီလှိုင်၊ အေးအေးမိုး။
အလယ်တန်း – စန်းစန်းမော်၊ သန်းသန်းထွေး၊ နော်အားလိုဝါးဖော၊ ခင်မိုးဝေ၊ အေးမျိုးမြတ်၊ ရူပါခိုင်၊ မေစံပယ်ဖူး။
ရှေ့တန်း – ရီရီဦး၊ ၀င်းသိဂီ င်္ထွန်း၊ မေသူကျော်၊ လှယဉ်ဝင်း၊ နီလာဝင်း။
Next : မန်ယူနှင့် ပွဲအား စတာရစ်ခ်ျ လွဲချော်