မန်ယူနှင့် ပွဲအား စတာရစ်ခ်ျ လွဲချော်
|
လီဗာပူး အသင်းတိုက် စစ်မှူး စတာရစ်ခ်ျသည် တင်ပါးဆုံ ဒဏ်ရာကြောင့် ယခုတစ် ပတ်အတွင်း အသင်း၏ ပုံမှန်လေ့ ကျင့်ရေးအ စီအစဉ်များ တွင်ပါဝင်နိုင် တော့မည်မ ဟုတ်သည့် အပြင်စက် တင်ဘာ ၁၂ ရက်နေ့၌ မန်ယူအ သင်းနှင့်တွေ့ ဆုံမည့်ပွဲ စဉ်ကိုပါ လွဲချော်မည် ဖြစ်ကြောင်းသိ ရသည်။
စတားရစ်ခ်ျ သည်လွန်ခဲ့သော မေလအ တွင်းက တင်ပါးဆုံ ခွဲစိတ်ကု သမှုခံ ယူခဲ့ပြီး နောက် ရာသီအ စကလီ ဗာပူးအ သင်းဖော်များ နှင့်အတူ လေ့ကျင့်ရေး ဆင်းခဲ့သည်။ သို့သော်လည်း လက်ရှိအ ချိန်ထိ ဒဏ်ရာအ ခြေအနေ မတိုးတက် သေးဘဲ အောက်တိုဘာ လမှသာ ပြန်လည်ကောင်း မွန်လာ မည်ဟု အသင်း ဆရာဝန်များ ကခန့်မှန်း ထားပြီးအစော ဆုံးအနေဖြင့် နိုဝင်ဘာ လရောက်မှ သာကြံ့ ခိုင်မှုပြန်လည် ပြည့်ဝကာ အသင်းအ တွက်ကစား ပေးနိုင်ဖွယ်ရှိ သည်။
လီဗာပူးအ သင်း၏အ ဓိကကွင်း လယ်ကစား သမားတစ်ဦး ဖြစ်သည့်ကော် တင်ဟို သည်လည်း ပြီးခဲ့သော သြဂုတ်၂၉ ရက်နေ့က ဝက်စ်ဟမ်း အသင်းနှင့် ယှဉ်ပြိုင်သည့် ပွဲတွင် အ နီကတ် ပြန်ထုတ်ပယ်ခံ ရ၍မန်ယူနှင့် ပွဲကိုလွဲချော် မည်ဖြစ်ပြီး ၎င်းနှင့် စတားရစ်ခ်ျ မပါဝင်နိုင် တော့ခြင်းမှာ အသင်းအ တွက်ထိုးနှက် ချက်တစ်ခုဖြစ် လာခဲ့သည်။ ထို့အပြင် ယခုနှစ်ရာ သီတွင်အက် စတွန်ဗီ လာမှ ပြောင်းရွှေ့ လာသောဘန်တီ ကီမှာလည်း ပေါင်ဒဏ်ရာ ရရှိနေသော ကြောင့် မန်ယူနှင့် ပွဲတွင် ပါဝင်က စားနိုင်ရန် မသေချာ ကြောင်းသိရသည်။
ယခုနှစ် ပရီးမီးယား လိဂ်နွေရာသီ အပြောင်းအ ရွှေ့ကာလ အတွင်း လုံလောက်သော ကစားသ မား ဝယ်ယူမှု မရှိခဲ့သည့် လီဗာပူး အသင်းသည် စက်တင်ဘာ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ည ၉း၃၀ အချိန်တွင် မန်ယူအသင်း နှင့်တွေ့ဆုံ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ လက်ရှိအ ချိန်တွင် ပ ရီးမီးယား လိဂ်အမှတ် ပေးဇယား တွင် မန်ယူအ သင်းက ရမှတ် ၇ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေပြီး လီဗာပူး အသင်းက အဆင့် ၇ နေရာတွင် ရပ်တည်နေ သည်။
Next : မန်ယူတွင် မာရှယ် တိုက်စစ်မှူး နေရာ ရရန် အာမမခံနိုင်ဟု ဗန်ဂါးလ်ဆို