မန်ယူတွင် မာရှယ် တိုက်စစ်မှူး နေရာ ရရန် အာမမခံနိုင်ဟု ဗန်ဂါးလ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MANCHESTER, ENGLAND - SEPTEMBER 01:  (EXCLUSIVE COVERAGE) (MINIMUM FEES APPLY - 150 GBP PRINT AND ON AIR & 75 GBP ONLINE OR LOCAL EQUIVALENT, PER IMAGE) Manchester United unveil new signing Anthony Martial at Aon Training Complex on September 1, 2015 in Manchester, England.  (Photo by John Peters/Man Utd via Getty Images)
ပေါင် ၃၆ သန်း ဖြင့် မိုနာကိုမှ ခေါ်ယူခဲ့သည့် မန်ယူ ကစားသမားသစ် အန်ထော်နီ မာရှယ်

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ လူးဝစ် ဗန်ဂါးလ် သည် မိုနာကို ကစားသမား အန်ထော်နီ မာရှယ်ကို ပေါင် ၃၆ သန်းဖြင့်ခေါ် ယူခဲ့ပြီးနောက် ၎င်းကို တိုက်စစ် မှူးနေရာမှ ကစားခိုင်း မည် ဟု အာမ မခံကြောင်း ပြောကြား လိုက်သည်။

အသက် ၁၉ အရွယ်ရှိ မာရှယ်ကို စက်တင်ဘာ ၂ ရက်နေ့ တွင် အပြီးသတ် စာချုပ်ချုပ် ဆိုခဲ့ပြီး ကနဦး အနေဖြင့် ပေါင် ၃၆ သန်းပေး ချေခဲ့ရာ မာရှယ်သည် သမိုင်း တစ်လျှောက် ပြောင်းရွှေ့ကြေး အမြင့်မား ဆုံး ဆယ်ကျော် သက် ကစား သမားဖြစ်လာ ခဲ့သည်။

မာရှယ်သည် ကျောနံပါတ် ၉ ဝတ်ဆင် မည်ဖြစ်သော် လည်း ဗန်ဂါးက ၎င်း ကိုရှေတန်း တိုက်စစ်မှူး နေရာတွင် ထားမည်ဟု မပြောဘဲ နေရာ မျိုးစုံမှ ကစားရမည် ဟုမှာကြား ခဲ့သည်။

“သူက ကျွန်တော်ကြိုက်တဲ့ နေရာကို မေးတော့ ကျွန်တော်က အလယ်တန်း ကြိုက်တယ် လို့ဖြေခဲ့ တယ်။ ဒါပေမဲ့ နေရာတော်တော် များများမှာ ကျွန်တော် ကစားနိုင်တယ်လို့ သူက ပြောတယ်။ သူက နည်းပြ တစ်ယောက် အနေနဲ့ ဆုံးဖြတ်ရင် ကျွန်တော် ကျရာ နေရာက ကစားမှာပါ” ဟု မာရှယ်က ပြောကြားခဲ့သည်။

အသက် ၁၉ အရွယ်ရှိ မာရှယ်သည် ပြင်သစ် ကလပ် မိုနာကို အတွက် ပွဲပေါင်း ၇၀ ခန့်ကစားခဲ့ပြီး ၁၅ ဂိုးသွင်းပေးခဲ့သည်။ စက်တင်ဘာ ၁၂ ရက်နေ့တွင် မန်ယူ အိမ်ကွင်း၌ လီဗာပူနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်တွင် ဗန်ဂါး အနေဖြင့် မာရှယ်ကို ပွဲဦးထွက် အဖြစ် အသုံးပြုနိုင် ခြေရှိကြောင်း သိရသည်။

comments

error: Content is protected !!