ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ခြေစမ်းပွဲ မြန်မာနှင့် နယူးဇီလန် ကစားမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ ဓါတ်ပုံ-MFF
ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ ဓါတ်ပုံ-MFF

ပြီးခဲ့သော လက မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်ခဲ့သော ရေဘေး သင့်ဒေသများ ပြန်လည် ထူထောင်ရေး အတွက် အထူး ရန်ပုံငွေခြေ စမ်းပွဲ အဖြစ် မြန်မာ့ လက်ရွေးစင် အသင်းနှင့် နယူးဇီလန် လက်ရွေးစင် အသင်းတို့ စက်တင်ဘာလ (၇)ရက်နေ့၊  ညနေ(၆) နာရီ၊ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း တွင်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း စက်တင်ဘာလ (၁) ရက်နေ့၊ နေ့လည်(၁) နာရီက Goal Hotel ရန်ကုန်တွင် ပြုလုပ်သော ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ ရေဘေး ထူထောင်ရေး ရန် ပုံငွေဘော လုံးပွဲ ကွင်းဝင်ကြေး အဖြစ် ရိုးရိုးတန်း(၁ဝဝဝ)ကျပ်၊ အထူးတန်း (၅၀၀၀)ကျပ် သတ်မှတ်ထားပြီး အထူးတန်း လက်မှတ် ဝယ်ယူ သူများကို မြန်မာ့ လက်ရွေးစင် အသင်း ဂျာစီ တစ်ထည်စီ လက်ဆောင်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဘောလုံးပွဲ လက်မှတ်များ ကို စက်တင် ဘာလ (၃)ရက်နေ့ မှ စတင်ကာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ အောင်ဆန်းကွင်း၊     ပဒုမ္မာကွင်း၊ သုဝဏ္ဏ ကွင်းတို့ တွင် စတင်ရောင်းချမည် ဖြစ်ပြီး ရန်ကုန်မြို့တွင်း တွင် အနုပညာရှင်များ ပါဝင်သော လှုံဆော်ရေး ကားနှစ်စီး ဖြင့်လှည့်လည် ရောင်းချပေး သွားမည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ  ဦးစိုးမိုးကျော်      ကပြောကြား သည်။

“နယူး ဇီလန် – မြန်မာ့ လက်ရွေးစင် အသင်း ရန်ပုံငွေ ခြေစမ်းပွဲကို MRTV ရုပ်သံလိုင်း က တိုက်ရိုက် ပြသ သွား မှာပါ” ဟု           ဦးစိုးမိုးကျော်က ဆိုသည်။

မြန်မာ – နယူး ဇီလန် ရေဘေး ထူထောင်ရေး ရန်ပုံငွေပွဲ မတိုင်မီ မြန်မာ့ လက်ရွေး စင်ဟောင်း အသင်း နှင့် ရုပ်ရှင် ဂီတအသင်း တို့ကစား ကြမည်ကြောင်း၊ ဂိမ်း အစီအစဉ်များ ဖျော်ဖြေရေး အစီ အစဉ်များ လည်း  ပါဝင်မည် ဖြစ်သောကြောင့် စက်တင် ဘာလ (၇)ရက်နေ့၊ နေ့လည် (၃) နာရီ(၃ဝ) မိနစ် မှ စတင်ကာ အစီ အစဉ်များ ပြုလုပ် သွားမည် ဖြစ်သည်။

နယူး ဇီလန် ဘောလုံး အသင်းတွင် ဥရောပ၊ အမေရိကနှင့် တောင် အာဖရိက လိဂ်များ တွင် ကစားနေသော ကစားသမားများ  ပါဝင်မည် ဖြစ်ပြီး ကွင်းဝင်ကြေးနှင့် လှူဒါန်းမှုများ အားလုံး ကို ရေဘေး သင့်ဒေသများ ပြန်လည် ထူထောင်ရေး အတွက် အသုံးပြု မည် ဖြစ်သည်။ (အောင်သော်ဖြိုး)

comments

error: Content is protected !!