အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား ရိုမီယိုအား မန်ယူခေါ်ယူ
|
မန်ယူအသင်း သည် အသင်းတွင် ဆက်ရှိရန် မသေချာ မရေရာနေသည့် ဒီဂီယာနေရာ အတွက်ကြိုတင် အစားထိုး သည့် အနေဖြင့် အာဂျင်တီးနား လက်ရွေးစင် ဂိုးသမားရိုမီယို အားခေါ်ယူ လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရိုမီယိုသည် ဆမ်ဒိုးရီးယားနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်း လက်မဲ့ဖြစ်နေ ရာမှ မန်ယူက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ် ယူခဲ့ခြင်းဖြစ်ကာ(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးသမားမှာ ဗဲလ်ဒက်စ် ၏နေရာကို အစားထိုးနေရာ ယူမည်ဟု မန်ယူနည်းပြဗန်ဟားလ်က ပြောလိုက်သည်။
အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား ရိုမီယိုမှာ ပြီးခဲ့သည့် ကိုပါအမေရိက ဖလားတွင် လက်စွမ်းပြခဲ့သလို ဗန်ဟားနှင့်ဟော်လန် ကလပ် အယ်ခမာတွင် အတူတွေ့ဆုံခဲ့ဖူးကာ ၂၀၀၈-၀၉ ပြည်တွင်း အမှတ်ပေးဖလားကို အတူရရှိခဲ့ကြဖူးသည်။
မန်ယူအသင်း ၏အဓိက ဂိုးသမား ဒီဂီယာ၏စာချုပ် မှာနောက်ဆုံးနှစ် သို့ရောက်ရှိနေပြီး ရီးရဲလ်အသင်း ကလည်းခေါ် ယူရန်စိတ်ဝင်စားလျက် ရှိနေခြင်းကြောင့် ရိုမီယိုဖြင့်အစား ထိုးနိုင်ရန်ခေါ် ယူထားခြင်းဖြစ်သည်။
ဗန်ဟားလ်က “ပိုကောင်းအောင် လုပ်ပြစွမ်းဆောင်နိုင်သူက အသင်းလူစာရင်းမှာ ပါဝင်နေမှာပဲ။ ဒီအတွက် အမြဲ တမ်းပြိုင်ဆိုင်မှုတွေ လိုအပ်တယ်။ သူ့ကိုခေါ်လိုက် တာက ဒီဂီယာရဲ့ စာချုပ်သက်တမ်း ကနောက်ဆုံးနှစ် ကိုရောက်နေပြီး ရီးရဲလ်ရဲ့ခေါ်ယူ လိုမှုကြောင့်ပါပဲ“ ဟုပြောလိုက်သည်။
ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားနှင့် ဗန်ဟားနည်းပြ သည့်ဟော်လန်အသင်း တို့ဆီမီးဖိုင်နယ် အဆင့်တွင်တွေ့ဆုံစဉ် ရိုမီယိုမှာ ပင်နယ်တီနှစ်လုံး ကာကွယ်ပေးနိုင်ခဲ့ သူလည်းဖြစ်သည်။
လက်ရှိအချိန်တွင် မန်ယူအသင်းမှာ အပြောင်းအရွှေ့ ကာလအတွင်း ဒါမီယန်၊ စတိုင်ဂျာ၊ ရှနိုက်ဒါလင်နှင့် ဒီပေးတို့အားခေါ် ယူခဲ့ပြီးဖြစ်ကာ ရိုမီယိုမှာ (၅)ယောက်မြောက်ပြောင်းရွှေ့ လာသည့် ကစားသမား သစ်ဖြစ်လာသည်။
Next : AYA Bank ဖူဆယ်လ်အလွတ်တန်း ဗိုလ်လုပွဲ MICအသင်း ဂိုးပြတ်အနိုင်ရ