လာလီဂါပြိုင်ပွဲတွင် ပါဝင်ကစား လိုကြောင်း ရမ်ဆေး ၀န်ခံ
|
အာဆင်နယ် အသင်း အဓိက ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သူ ရမ်ဆေးက ၄င်းအနေဖြင့် အနာဂါတ်တွင် စပိန်လာလီ ဂါပြိုင်ပွဲသို့ သွားရောက် ကစား လိုကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။
ရမ်ဆေးအား စပိန်လာလီဂါ အသင်းကြီး တစ်သင်းဖြစ်သော ဘာစီလိုနာ အသင်းမှခေါ်ယူ ရန် စိတ်ဝင် စားနေကြောင်း သတင်း များထွက်ပေါ် လာခဲ့ပြီးနောက် ယင်းက ထုတ်ဖော်ပြောဆို လိုက်ခြင်းဖြစ်သည်။
ဘာစီလိုနာ အသင်းသည် (၂၀၀၀)ခုနှစ်က ပီတစ်၊ အိုဗားမားစ်တို့အား တစ်ပြိုင်နက် တည်းခေါ်ယူခဲ့ဖူးသလို ယင်းနောက် ပိုင်းတွင်လည်း အွန်နရီ၊ ဖာဘရီဂတ်စ်၊ လှဘ်၊ အဲလက်စ်ဆောင်းနှင့် ဗာမေလန်တို့ အားခေါ်ယူခဲ့ဖူး သည့်သာဓကများ ရှိခဲ့ဖူးသည်။
ယခု အခါတွင် အသင်း၏ အဓိကပဲ့ကိုင်ရှင် ဇာဗီမှာ အသင်းအား စွန့်ခွာသွား ခဲ့ပြီးနောက် ယင်းနေရာကို အစားထိုးနိုင် ရန်အတွက် ရမ်ဆေးအား စိတ်ဝင်စား လာခြင်းဖြစ်ကာ ပေါင်သန်း (၅၀)ဖြင့် ကမ်းလှမ်း သွားဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ယင်းသို့ ဘာစီလိုနာ မှခေါ်ယူလိုနေသည် ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ရမ်ဆေးက ”ဒီသတင်းက ကျွန်တော့် အတွက် စိတ်ကျေနပ်စရာပါပဲ။ ဘာစီလိုနာက မနှစ်ရာသီ ကလည်း ဖလား(၃)လုံး ရနိုင်ခဲ့သေးတယ်။ ဒီလို ကမ္ဘာ့အကောင်းဆုံး အသင်းက စိတ်ဝင် စားပြီးခေါ်ယူဖို့ လုပ်နေတယ် ဆိုတာ အရမ်းကို ပီတိဖြစ်စရာပါပဲ။ တစ်နေ့နေ့မှာတော့ စပိန်ကို သွားပြီး အဲ့မှာ အတွေ့အကြုံ သစ်တွေ ရယူချင် ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကျွန်တော်က အာဆင်နယ် ကစားသမား တစ်ယောက်ပါ။ ဒီအသင်း ကရှေ့ ဆက်ပြီးအောင်မြင် မှုတွေရ ယူနိုင်ဖို့ စိန်ခေါ်နိုင်စွမ်း ရှိပါတယ်” ဟုပြောလိုက် သည်။
ဝေးလ် လက်ရွေးစင် ကွင်းလယ် ကစားသမား ရမ်ဆေးလ်သည် ပြီးခဲ့သည့်ဘော လုံးရာသီက ဒဏ် ရာပြဿနာ များကြုံတွေ့ခဲ့ရ သည့်အ တွက်ကြောင့်ပုံမှန်ခြေ စွမ်းပြသနိုင် ရန်ရုန်းကန်ခဲ့ရ သူဖြစ်သော်လည်း အချို့ပွဲစဉ်များတွင်မူ ကိုကွီလင်၊ ကာဇော်လာ တို့နှင့် အတူတွဲ ဖက်ကာ အကောင်း ဆုံးခြေစွမ်းပြနိုင် ခဲ့သည်။
ရမ်ဆေးလ် သည်၂၀၁၃-၁၄ဘောလုံး ရာသီကာလ တွင် ပရီးမီးယား လိဂ်သွင်းဂိုး(၁၆) ဂိုးသွင်း ယူနိုင်ခဲ့ သူဖြစ်သော် လည်း ယမန်နှစ်ရာ သီကာလက ဒဏ် ရာကြောင့်(၃) လခန့်အနား ယူခဲ့ရ သည်။
Next : အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား ရိုမီယိုအား မန်ယူခေါ်ယူ