ကစား သမားကောင်းများကို အခြားကလပ်များ မှခေါ်ယူ မည့် ရန်ကို ဟန့်တား သွားမည်ဟု ဘာစီလိုနာ ဥက္ကဠပြော
|
ဘာစီလိုနာ ဥက္ကဠသစ် ဂျိုးဆပ် မာရီယာ ဘာတိုမြူက အသင်း၏ အကောင်းဆုံး ကစားသမားများ ပရီးမီးယားလိဂ် အသင်း တစ်သင်း သင်းထံသို့ ပြောင်းရွှေ့ခြင်း အား ဟန့်တား ကာကွယ် သွားမည်ဟု ပြော လိုက်သည်။
ပရီးမီးယား လိဂ် အသင်းများသည် အသစ်ချုပ် ဆိုလိုက်သည့် ရုပ်သံလွှင့်ခ (၅.၁) ဘီလျံ တန်ကြေးရှိ စာချုပ်ကြောင့် ၂၀၁၆-၁၇ မှစတင်ကာ အသက် ၀င်မည်ဖြစ်ရာ ဘဏ္ဍရေး ဆိုင်ရာ ပိုမိုတောင့် တင်း လာကြ မည်ဖြစ်သည်။
ယင်းသို့ ပရီးမီးယား လိဂ် ကလပ်များ ၀င်ငွေတိုးမြင့် လာမည်ဖြစ်ရာ အသင်းမှ အကောင်းဆုံး ကစားသမားများ အားခေါ် ယူလာနိုင် ရန်ကြိုးပမ်းမှုများ ရှိလာနိုင်သော် လည်း အဆို ပါခြိမ်းခြောက် လာမည့် အခြေအနေ အပေါ် ထိန်းချုပ်နိုင် မည်ဖြစ်ကြောင်း ဘာတို မြူကပြော ခဲ့ခြင်းဖြစ်သည်။
“စပိန် လာလီဂါပြိုင်ပွဲ မှာ ကျွန်တော် တို့ရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ ဆက်ပြိုင်တာ ကိုလိုချင်တယ်။ ဒီအတွက် ပရီးမီးယား လိဂ် အသင်းတွေ ရဲ့ခြိမ်းခြောက် မှုတွေအပေါ် တိုက်ပွဲ ၀င်ဖြေရှင်း သွားပါမယ်။ သူတို့ပြိုင်ပွဲရဲ့ စာချုပ်သစ်က ဆွဲဆောင်မှု ရှိတယ် ဆိုပေမယ့် လည်း ဘယ်အသင်း ကမှ ဘာစီလိုနာ အသင်းရဲ့ ၀င်ငွေကို မယှဉ်ပြိုင်နိုင် ပါဘူး” ဟု ဘာစီလိုနာ အသင်းဥက္ကဋ္ဌ မာရီယာ ဘာတိုမြူ ကပြောကြား လိုက်သည်။
ကမ္ဘာ့ အကောင်းဆုံး အသင်းတစ် သင်းဖြစ်သည့် ဘာစီလိုနာမှာ တစ်ရာသီ အတွင်း လာလီဂါ အမှတ်ပေး ဇယား ၊စပိန် ဘုရင့် ဖလားနှင့် ချန်ပီယံလိဂ် ဖလားတို့ကို ရရှိနိုင်ခဲ့ရာ ယင်းမှာ အသင်း သမိုင်း တစ်လျှောက် အကောင်းဆုံး ရာသီဟု ပင်ပြောဆိုနိုင် ကြောင်း၊ ယခုနှစ်ရာသီတွင် လည်း လာလီဂါ ၊စပိန်ဘုရင့် ဖလား၊ စပိန် စူပါဖလား၊ ဥရောပ စူပါဖလား၊ ကမ္ဘာ့ကလပ် ဖလား၊ ချန်ပီယံ လိဂ်ပြိုင်ပွဲများ တွင် လည်း ချန်ပီယံ ဆုဖလား ရရှိရန် ရည်မှန်း ထားကြောင်း ဆက် လက်ပြောကြား ခဲ့သည်။
ပီဒရိုမှာ ယခုနှစ် အပြောင်း အရွှေ့ ကာလ အတွင်း မန်ယူ၊ ချဲလ်ဆီး တို့၏ စိတ်ဝင်စားခြင်း ခံနေရပြီး ယင်း ကစားသမား အားခေါ်ယူ လိုပါက ပေါင်(၂၂) သန်းပေးချေ ရမည့် အချက် တစ်ချက်ကို ကစားသမား ၏ စာချုပ်တွင် ထည့်သွင်း ချုပ်ဆို ထားကြောင်း သိရသည်။