အင်ဒိုနီးရှား တွင်ခြေစမ်းမည့် ရိုးမား ကစားသမား အချို့ ပြည်ဝင်ခွင့်ငြင်း ပယ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ရိုးမားအသင်းအားကြိုဆိုနေသည့် အင်ဒိုနီးရှားပရိသတ်များ

အင်ဒိုနီး ရှားနိုင်ငံ တွင် ရာသီကြိုခြေ စမ်းပွဲ ကစားရန် လာရောက် သည့်ရိုးမား အသင်းမှ ကစား သမား(၅) ဦးမှာ ပြည်ဝင် ခွင့်ပိတ် ပင်ခံရပြီးနောက် အသင်းနှင့် အတူ မပူးပေါင်းနိုင်ဘဲ အီတလီ သို့ပြန်သွားခဲ့ ရကြောင်းသိရသည်။

ရိုးမားအသင်း ၏အဓိက ကစား သမားဖြစ်သည့် ဂျာဂျစ်၊ဂါဗင်ဟိုအပြင် အိုင်ဘာဘို၊ ဒွန်ဘီယာနှင့် ဆနာဘရိုင်ယာ တို့မှာ ပြည်ဝင် ခွင့်ငြင်းပယ် ခံရပြီးနောက် အီတလီ သို့ပြန်သွား ခဲ့ကြောင်း အီတလီ စကိုင်းစပို့တ် ၀က်ဘ်ဆိုက် တွင်ဖော်ပြထားသည်။ ယင်း ကစားသမား များမှာ ရိုးမားအသင်း ၏လေ့ကျင့်ရေး ကွင်းတွင်ပြန် လည်လေ့ကျင့် ခန်းဆင်းခြင်း များပြုလုပ် ရမည်ဖြစ်ပြီး နည်းပြ ရူဒီဂါစီယာ အတွက်လည်း လူရွေးချယ်မှုတွင် အနည်းငယ် စိတ်ပျက်စရာဖြစ် လာနိုင်သည်။

ဥရောပ ဗီဇာကိုင်ဆောင် ထားခြင်း မရှိသော ယင်း ကစားသမား(၅)ဦးမှာ ပြည်ဝင်ခွင့် စာရွက် စာတမ်းပြည့်စုံခြင်း မရှိသည့် အတွက်ကြောင့်ငြင်း ပယ်ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရကာ ရိုးမား အသင်း သည် အင်ဒိုနီး ရှားနိုင်ငံ တွင် ”အေအက်စ် ရိုးမား အင်ဒိုနီး ရှားနေ့” အစီစဉ်ဖြင့် လာရောက်ခြင်းဖြစ် ကာ ကလပ် အသင်း တည်ထောင် သည့်နှစ်ပေါင်း(၈၈)နှစ် အတွင်းယင်းနိုင်ငံသို့ ပထမဦးဆုံး လာရောက်နိုင် ခဲ့ခြင်း လည်း ဖြစ်သည်။

ရိုးမား အသင်း သည် အင်ဒိုနီး ရှားနိုင်ငံ တွင်(၉) ရက်ကြာနေ ထိုင်မည်ဖြစ်ပြီးခြေ စမ်းပွဲများ ကစားသွား မည်ဖြစ်သည်။ အင်ဒိုနီး ရှားနိုင်ငံ သို့ရောက်ရှိပြီးနောက် အသင်း၏ သတင်းစာ ရှင်းလင်းပွဲ တွင် အသင်း၏ စီအီးအို ဇန်ဇီက အသင်း၏ နာမည်ကျော် ကစားသမားများအား ပရိသတ် များတွေ့ဆုံခွင့် ရတော့မည် မဟုတ်သည့် အပေါ်စိတ်ပျက်မိကြောင်း၊ မိမိတို့ အနေဖြင့် ”အေအက်စ် ရိုးမား အင်ဒိုနီးရှားနေ့” အစီအစဉ် အတွက် လာရောက်ခြင်းဖြစ်သည့် အတွက် ယခုနိုင်ငံတွင် တစ်သင်းလုံး ရှိနေမည်ကို အလိုရှိခဲ့ကြောင်း၊ ယခုပြဿနာမှာ ကစားသမားများ အတွက် သာမကဘဲ အသင်း အတွက် လည်း စိတ်ပျက်စရာ အခြေ အနေဖြစ် ခဲ့ကြောင်းပြော ခဲ့သည်။

comments

error: Content is protected !!