ဂျာမနီ လက်ရွေးစင် ဟောင်း ဂျန်ဆန် အသက် (၂၉)နှစ် အရွယ်တွင် ကစားသမား ဘ၀မှ အနားယူ
|
ဂျာမနီ လက်ရွေးစင် ကစားသမားဟောင်း ဂျန်ဆန်သည် ဟမ်းဘတ်နှင့် လမ်းခွဲခဲ့ပြီးနောက် ကစားသမား ဘ၀မှ အနားယူပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ အသက်(၂၉)နှစ် အရွယ် သာရှိသေးသော ဘယ်နောက်ခံလူ ဂျန်ဆန်အား ဟမ်းဘတ် အသင်းမှ စာချုပ် သက်တမ်း ထပ်မံ မတိုးမြှင့်တော့ ဘဲ ထွက်ခွာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျန်ဆန်က ”အခုချိန်မှာ ကျွန်တော် အနေနဲ့ တခြား အသင်း အမှတ် တံဆိပ် ကို ထပ်မနမ်း ချင်တော့ ပါဘူး။ နွေရာ သီကာလ အတွင်းမှာ လည်း ကစားသမား ဘ၀ကနေ အနားယူဖို့ အတွက်သေ ချာ စဉ်းစားခဲ့တယ်။ ဒီကာလ အတွင်းကောင်း မွန် တဲ့ ကမ်းလှမ်း မှုတွေ လည်းရှိခဲ့တယ်။ ကျွန်တော် အနေအထား ကကြံ့ခိုင်မှု ရှိတယ်။ ပြီးတော့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လည်း အသင်းပြောင်းနိုင် တယ်။ ဒီအနေ အထား ကနေ ငွေကြေး ရှာနိုင် ပါသေးတယ်။ဒါပေမဲ့ ကျွန်တော် တခြား အလုပ် ကနေ ပဲငွေကြေးရှာ ဖို့ဆုံးဖြတ် လိုက်တယ်”ဟုပြော လိုက်သည်။
ဂျန်ဆန် သည်ဂျာမနီ အသင်း အတွက်(၄၅) ပွဲပါဝင် ကစားပေးခဲ့ပြီး ဂလက်ဘက်၊ ဘိုင်ယန် တို့တွင် ကစားပြီးနောက် (၂၀၀၈) ခုနှစ်က တည်းက ဟမ်းဘတ် အသင်း သို့ပြောင်းရွှေ့လာ ခဲ့သူဖြစ် သည်။ ဂျန်ဆန်သည် ပြီးခဲ့သည့် ရာသီက အသင်းအား တန်းမဆင်း ရရန်ကြိုး ပမ်းပေးခဲ့ သူဖြစ်သော် လည်း အသင်းက ထွက်ခွာ ခွင့်ပြုခဲ့ခြင်းဖြစ် သည်။
ဂျန်ဆန်က မိမိအနေဖြင့် ဟမ်းဘတ်မြို့တွင် ဆက်နေ မည်ဖြစ်ကာ ဂလက်ဘတ် အသင်းနှင့် ဟမ်းဘတ် တို့အား ဆက်လက် ချစ်မြတ်နိုးနေ မည်ဖြစ်ကြောင်း၊ ယင်းအ တွက်ကြောင့် တခြား အသင်းနှင့် ယင်းအသင်း တို့၏ ပရိသတ်တို့ အားလိမ် လည်ကာ အသင်းတံဆိပ် အားနမ်းရှုတ်ခြင်း ကိုမပြု လုပ်နိုင်ကြောင်း ပြောကြားခဲ့သည်။
Next : လာလီဂါပြိုင်ပွဲတွင် ပါဝင်ကစား လိုကြောင်း ရမ်ဆေး ၀န်ခံ