ကိုပါ အမေရိကဖလား ယှဉ်ပြိုင်ခဲ့သည့် ကစားသမား များကို ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်တွင် မန်စီးတီး အနားပေးဖွယ်ရှိ
|
မန်စီးတီး အသင်း သည် အာဂျင်တီးနား ကစားသမား များဖြစ်သည့် အဂူရို၊ ဒီမစ်ချယ်လီ၊ ဇာဘာလက်တာနှင့် ဖာနန်ဒင်ဟို တို့အား ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ် သည့် ၀က်စ် ဘရွန်းနှင့် ပွဲစဉ်တွင် အနားပေး သွားဖွယ် ရှိနေကြောင်း သိရသည်။
ယင်း ကစား သမားများမှာ ပြီးခဲ့သည့် ကိုပါ အမေရိက ဖလားတွင် အာဂျင်တီးနား၊ ဘရာဇီး လက်ရွေးစင် အသင်း တို့တွင် ပါဝင် ကစားပေး ခဲ့ကြသူ များဖြစ်ပြီး လာမည့် ရက် သတ္တပတ် တွင်မှသာ မန်စီးတီး အသင်းသို့ လာရောက်နိုင် မည်ဖြစ်ခြင်းကြောင့် နည်းပြ ပယ်လီဂရီနီက အဆိုပါ ကစားသမားများမှာ ရာသီ အဖွင့်ပွဲစဉ် ကို လွဲချော်နိုင်ကြောင်း ထုတ်ဖော်ပြောကြား လိုက်ခြင်းဖြစ် သည်။
“သူတို့တွေ အသင်း ကိုပြန်ရောက်တဲ့ အချိန်ကျမှ ရာသီကြို အစီအစဉ်ကို စတင်ပြု လုပ်နိုင်မှာပါ ။ဖြစ်နိုင်တာ ကတော့ သူတို့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့တွေ အနေနဲ့ ကြိုးစားပြီးလေ့ ကျင့်နိုင်မယ် ဆိုရင်မကြာခင် အချိန်အတွင်း အသင်း အတွက် စတင်ပါဝင် ကစားပေးနိုင် မှာဖြစ်တယ်” ဟု မန်စီးတီး နည်းပြ ပယ်လီဂရီနီ ကပြောလိုက် သည်။
မန်စီးတီး အသင်းသည် ယခုနှစ် အပြောင်းအရွှေ့ ကာလ အတွင်း ဖာဘီယန်ဒဲလ်ဖ် ၊ စတာလင်၊ ပက်ထရစ်ရောဘတ်နှင့် အန်းစ် ယူနဲလ်တို့ အတွက်ပေါင် သန်း (၆၀)နီးပါး အသုံးပြု ထားပြီး ၀ုဖ်ဘတ် ကွင်းလယ် ကစားသမား ဒီဘရူနီအား ထပ်မံခေါ် ယူရန် အတွက်ကြိုးပမ်း လျက် ရှိသည်။
အက်စတွန် ဗီလာ မှပြောင်းရွှေ့လာ သည့် ဒဲလ်ဖ်သည် ရီးရဲလ် အသင်း အား(၄-၁)ဖြင့် ဂိုးပြတ်ရှုံး ခဲ့သည့်၂၀၁၅ နိုင်ငံတကာ ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ပါဝင် ကစားခဲ့သော် လည်းပွဲချိန် (၁၈) မိနစ်တွင် တံကောက်ကြော ဒဏ်ရာ ရခဲ့ခြင်းကြောင့် လူစား လဲခဲ့ရပြီး မည်မျှ နားရမည်နှင့် ပတ်သက်ပြီး ဆေးစစ်ချက် အဖြေ ကိုစောင့် ဆိုင်းနေ ရဆဲဖြစ်သည်။
အဆိုပါ ကစား သမား ဒဏ်ရာ ရခဲ့ခြင်းနှင့် ပတ်သက်ပြီး ပယ်လီဂရီနီက ”ဒဲလ်ဖ်ဟာ မမျှော်လင့်ဘဲ တံကောက်ကြော ဒဏ်ရာရ သွားခဲ့တယ်။ သူ့ကို ကျွန်တော် ပွဲချိန်(၄၅) မိနစ်လောက်ပဲ သုံးဖို့ရည်ရွယ် ထားပေမယ့် အခုလိုဖြစ် သွားတော့ ကျွန်တော် တို့ အတွင်း သတင်းကောင်းတော့ မဟုတ်ခဲ့ပါဘူး။ စနေနေ့(ကနေ့)မှာ သူ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ဆရာ ၀န် နဲ့တွေ့ ဆုံမှုပြု လုပ်သွား မှာဖြစ်တယ်”ဟု ယင်း နည်းပြကြီးက ထပ်လောင်းပြောကြား ခဲ့သည်။
မန်စီးတီး အသင်း သည် ဂျိမ်းမီလ်နာ၊ လမ်းပတ်တို့ အသင်းမှ ထွက်ခွာ သွားပြီးနောက် ယင်းတို့နေရာ အတွက် အစား ထိုးနိုင်ရန် ဒဲလ်ဖ်အား အစား ထိုးခဲ့ခြင်းဖြစ်ပြီး ကွင်း လယ်နေရာ အတွက် ကစား သမား ထပ်မံခေါ် ယူ ရန်လို အပ်နေ ဆဲဖြစ်ကြောင်း သိရသည်။
Next : ဖီဖာ အထွေထွေ အတွင်းရေးမှူး ရာထူးအား ဘလက်ကီ စွန့်ခွာမည်